Thursday, July 2, 2015

ဒီ တစ် ပတ် ကြည့် ရ မယ့် ရုပ် ရှင် - Mission: Impossible rogue nation


ဒီတစ်ပတ် အတွက်တော့ မကြာခင်မှာ ရုံတင်လာဖို့ရှိတဲ့ ရုပ် ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Mission Impo-ssible ပရိသတ်တွေအတွက် သူ တို့ရဲ့ ငါးကားမြောက် Rouge Nation ဇာတ်ကားက ဒီလထဲမှာ ထွက်ရှိလာတော့မှာဖြစ်ပါ တယ်။ အရင် Ghost Protocol ထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့တဲ့ ဒီကားကို မင်းသား တွမ်ခရ်ုဇ်နဲ့ Edge of Tommorow၊Jack Reacher နဲ့ Valkyrie တို့လို နာမည်ကြီးကားတွေမှာ လက်တွဲ ခဲ့ဖူးတဲ့ ဒါရိုက်တာ Christopher McQuarrie က ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားထဲ မှာ Hercules ဇာတ်ကားမှာ ပါ ၀င်ခဲ့ဖူးတဲ့ မင်းသမီးချော ရဗက္ကာ ဖာဂူဆန်ကို ထည့်သွင်းထားပါ တယ်။

အီသန်ဟန့်နဲ့ အဖွဲ့က ဒီ ဇာတ်လမ်းထဲမှာတော့ IMF ကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ လူတစ်စု လက်ကနေ ကယ်တင်ဖို့ အတွက် တာဝန်ပေးခံရတာဖြစ်ပါတယ်။ လက်ရှိအွန်လိုင်းမှာ ရောက်လာတဲ့ ဇာတ်ဝင်ခန်းတွေအရတော့ MI5 က အရင်ကားတွေလိုပဲ သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပြည့်နှက်နေပါတယ်။ ပရိသတ်တွေအတွက် ပြောစမှတ်ဖြစ်လောက်မယ့် ဇာတ်ဝင်ခန်းကတော့ အမြင့်ပေ ငါးထောင်လောက်မှာ ပျံနေတဲ့ စစ်ဘက်သုံး လေယာဉ်ကို လေယာဉ်အပြင် ဘက် တံခါးပေါက်ကနေ တွယ် တက်လိုက်ပါသွားတဲ့ ဇာတ်ဝင် ခန်းဖြစ်ပါလိမ့်မည်။

ဒီဇာတ်ဝင်ခန်းက ဇာတ်ကားမထွက်ခင် တစ်နှစ်လောက်က တည်းက သတင်းဌာနတွေမှာ အထူးတလည်ဖော်ပြခဲ့ပါတယ်။ ဒီ လိုဇာတ်ဝင်ခန်းမျိုးကို လူစားမထိုးဘဲ သရုပ်ဆောင်တဲ့ တွမ်ခရုဇ်နဲ့ MI5 ကို စိတ်ဝင်စားမှုကလည်း မြင့်တက်လာပါတယ်။ ဇာတ်ကား တိုင်းမှာ ကိုယ်တိုင်စတန့်တွေ ၀င် ပြီး သရုပ်ဆောင်တဲ့ တွမ်ခရုဇ်ရဲ့ သရုပ်ဆောင်ချက်တွေကို MI5 မှာလည်း အရင်ကားတွေလိုပဲ ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားက ဒီလကုန် လောက်မှာ ဖြန့်ချိမှာဖြစ်ပြီး ပြည် တွင်းပရိသတ်တွေ ကြိုက်ကြတဲ့ ဇာတ်ကားတွဲဖြစ်တာကြောင့် ဇာတ်ကားထွက်ရင်တော့ နိုင်ငံတ ကာနည်းတူ ဒီမှာလည်း တစ်ပြိုင် တည်းကြည့်ရမယ်လို့ မျှော်လင့် ရပါတယ်။

7Day Daily

0 comments:

Post a Comment