Sunday, July 5, 2015

လားရှိုးတွင် ရွှေတုံး သုံးပိဿာကျော် တင်ဆောင်လာသည့် ကားတစ်စီးဖမ်းမိ

ဖမ်းဆီးရမိသည့်ရွှေတုံးများနှင့် သယ်ဆောင်လာသူ (ဓာတ်ပုံ − Lashio Media) 

ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့ရှောင်လမ်းတွင် ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီကျော် က ရွှေတုံးအလေးချိန် သုံးပိဿာကျော် (ကီလို ၆၀) ခန့် တင်ဆောင် လာသည့် ကားတစ်စီးကို ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ရွှေတုံးများ တင် ဆောင်လာသည့် မစ်ဆူဘီရှီပါဂျဲရိုးယာဉ်သည် မူဆယ်မှလားရှိုးဘက်သို့ မောင်းနှင်လာစဉ် လားရှိုးမူးယစ်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း လားရှိုးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့က လားရှိုးမြို့ ရှောင်လမ်းမှာ စစ်ဆေးရင်းမိတာပါ။ အခုတော့ စစ်ဆေးနေတုန်းပါပဲ။ ဒီနှစ်ထဲမှာ တော့ အခုလို ရွှေတုံးတွေ မိတာက တော့ ပထမဆုံးအကြိမ် ဖြစ်ပါ တယ်’’ဟု အဆိုပါတာဝန်ရှိ ရဲ အရာရှိက ပြောသည်။

ဖမ်းဆီးရမိသည့် ယာဉ် မောင်း မှာ မန္တလေးမြို့တွင် နေထိုင်သူ ၀င်းနိုင်ဆိုသူဖြစ်ပြီး ယာဉ်ပေါ်တွင် METALOR 1 KiloGold9999 တံ ဆိပ်ပါ ရွှေတုံး ၆၀ (အလေးချိန် ကီ လို ၆၀) ခန့် တင်ဆောင်လာစဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ရွှေတုံးများ ကိုစစ်ဆေးရန် လားရှိုးမြို့ရှိ ဘဏ် တစ်ခုတွင် သိမ်းဆည်းထားပြီး ဇူလိုင် ၆ ရက်တွင် စစ်ဆေးရန်ရှိ ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေတုံးများ တင်ဆောင်လာ သည့် ၀င်းနိုင်ဆိုသူကို လားရှိုးမြို့မ ရဲစခန်းမှ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး အမှုကို ဆက်လက်စစ်ဆေးနေကြောင်းသတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment