Wednesday, July 8, 2015

သမ္မတနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ စတင်မဲဆွယ်နိုင်

ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် သမ္မတဦးသိန်းစိန်အား ကြိုဆိုနေသော အစိုးရအဖွဲ့ တာဝန်ရှိသူများ (ဓာတ်ပုံ− MOI) 

သမ္မတ၊ ဒုသမ္မတများ အပါအ၀င် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ဇူလိုင် ၈ ရက်မှစတင် ကာ ရွေးကောက်ပွဲအတွက် ပါတီ စည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများ တ ရားဝင်ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ကြေညာချက်ထုတ်ပြန်သည်။ အဆိုပါပုဂ္ဂိုလ်များ မဲဆွယ် စည်းရုံးရာတွင် ပါတီအမည်အသုံး မပြုဘဲ မဲဆွယ်ရေးကိစ္စကို ဥပဒေ အရ လွှတ်တော်၌ ပြင်ဆင်နေ ချိန်တွင် ကော်မရှင်က အထက်ပါ အတိုင်း ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

သက်ဆိုင်ရာ တည်ဆဲဥပဒေ ခုနစ်ခုအရ ထိုကဲ့သို့ထုတ် ပြန်ခြင်းဖြစ်ကာ လွှတ်တော်ကိုယ် စားလှယ်လောင်းအရည်အချင်း များနှင့် ကိုက်ညီပါက နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရန် ရည် ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များကို ထိုကဲ့သို့မဲဆွယ်စည်းရုံး ခွင့် ပြုထားသော်လည်း ပြည် ထောင်စုအဆင့်အဖွဲ့အစည်းများ ပါဝင်ခြင်းမရှိသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အ တွက် မဲဆွယ်စည်းရုံးခွင့်ကိုမူ ကိုယ်စားလှယ်လောင်းများ အ တည်ပြုပြီးမှသာ ကော်မရှင်က ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖော်ပြပါပုဂ္ဂိုလ်များအားပါ တီအမည်သုံး၍ မဲဆွယ်ခြင်းမပြု ရန် ကန့်သတ်သောဥပဒေကြမ်းကို ဇွန်လ ၂၆ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် သော်လည်း အရပ်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့သည်။

‘‘အခုကတော့ ဥပဒေပြင် ဆင်မှု အတည်မဖြစ်သေးတဲ့အ တွက် ကော်မရှင်ရဲ့ လုပ်ရပ်က မှန်ကန်ပါတယ်။ အခုပြင်တဲ့ ဥပ ဒေက အတည်ဖြစ်ခဲ့ရင်တော့ ကော်မရှင်က နောက်ထပ်ကြေ ညာချက်ထုတ်ပြီး ပြန်ပြင်ပေးရ မှာပေါ့။ အခုက၀န်ကြီးတွေကို မဲ ဆွယ်ခွင့်ပေးထားပေမယ့်လည်း အခုဦးစိုးသိန်းတို့၊ဦးအောင်မင်းတို့ တောင် ဘယ်ကပြိုင်ရမှန်းမသိဘူး ဖြစ်နေပြီ။ အဲဒီအချက်က ပြဿ နာတစ်ရပ်ဖြစ်လာနိုင်တယ်’’ ဟု လွှတ်တော် ကိုယ်စားလှယ် ဦးရဲ ထွန်းကပြောသည်။

လက်ရှိတွင် အထက်ပါ ပုဂ္ဂိုလ်များ မဲဆွယ်ခြင်းကို ကန့် သတ်သည့် ဥပဒေကြမ်းသည် ပြည်ထောင်စုလွှတ်တော်၌ ဆွေး နွေးသည့်အဆင့်သို့ရောက်ရှိနေပြီ ဖြစ်ပြီး မကြာမီကာလတွင် အ တည်ပြုနိုင်မည့်အလားအလာရှိ ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က သုံးသပ်ပြောကြား သည်။

ရွေးကောက်ပွဲများကျင်းပ ရန် ကျင်းပခြင်းမပြုမီ ရက်ပေါင်း ၉၀အတွင်း ထုတ်ပြန်ကြေညာရန် လွှတ်တော်များဆိုင်ရာ နည်းဥပ ဒေများတွင် ဖော်ပြထားသည်။

7Day Daily

0 comments:

Post a Comment