Friday, July 3, 2015

ဦးအောင်မင်းနှင့် ဦးစိုးသိန်း ပြည်ခိုင်ဖြိုးကိုယ်စားပြု၍ ကယားပြည်နယ်မှ ၀င်ပြိုင်လိုသော်လည်း ပါတီခွင့်မပြုဟုဆို

ဦးစိုးသိန်း (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ) ဦးအောင်မင်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)) 

ပြည်ထောင်စုဝန် ကြီး တာဝန်ထမ်းဆောင်နေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်များဖြစ်သည့် ဦးအောင် မင်းနှင့် ဦးစိုးသိန်းတို့နှစ်ဦးသည် လာမည့် ရွေးကောက်ပွဲတွင် က ယားပြည်နယ်ရှိ မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ်ပြိုင်ရန် အဆိုပြု ထားခြင်းအပေါ် ဒေသခံများက လက်မခံသဖြင့် ပါတီက ခွင့်မပြု ကြောင်း သတင်းရရှိသည်။ အဆိုပါပုဂ္ဂိုလ်နှစ်ဦးသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ကယားပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ် ပြိုင်ရန် အဆိုပြုထားပြီး ဘောလ ခဲမြို့နယ်နှင့် အခြားမြို့နယ်တစ်ခု ကို အဆိုပြုထားကြောင်း ပြည်ခိုင် ဖြိုးဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

‘‘ဒါပေမဲ့ သူတို့အဆိုပြုထား တဲ့ နေရာက မဲဆန္ဒရှင်တွေက ပြည်နယ်သူ၊ ပြည်နယ်သားကိုပဲ မဲပေး ချင်တယ်လို့ အကြမ်းဖျင်းသိထား တယ်။ သူတို့ ကယားလူမျိုးပဲ ဖြစ်စေချင်တယ်လို့ ဆန္ဒပြုထားတဲ့အ တွက် လူထုဆန္ဒအရပေါ့လေ။ ဒါ ကြောင့် ခွင့်မပြုတာပါ။ လွှတ် တော်ကိုယ်စားလှယ်ရွေးတယ်ဆို တာက ရွေးကောက်ပွဲဝင်တယ်ဆို တာက အဲဒီနယ်မြေက လူထုက လက်ခံမလား၊ လက်မခံဘူးလား ဆိုတာ အရေးကြီးတာပေါ့။ မဲရ မလား၊ မရဘူးလားဆိုတာ အရေး ကြီးတာပေါ့။ နိုင်နိုင်မလား၊ မနိုင် နိုင်ဘူးလားဆိုတာ အရေးကြီးတာပေါ့’’ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအ လုပ်အမှုဆောင် ဦးအောင်သိန်း လင်းက ပြောသည်။

၎င်းတို့နှစ်ဦးသည် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ် သဖြင့် အဆိုပါပုဂ္ဂိုလ်များ နိုင်ခြေ ရှိသည့် မဲဆန္ဒနယ်များကို ထပ်မံ အဆိုပြုနိုင်ပြီး အဆင်ပြေကိုက်ညီ လျှင် ပါတီက လက်ခံနိုင်ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ပါတီက တော့ CEC ဖြစ်တဲ့အတွက် သူတို့ နိုင်တဲ့နေရာမှာဆို ခွင့်မပြုစရာအ ကြောင်းမရှိဘူး။ တခြားနေရာမှာ ဖြစ်လို့ရတာပေါ့။ သူတို့နိုင်နိုင်မယ့် နေရာမှာ ထပ်ရွေးရင်ဖြစ်လို့ရတာပေါ့။ တခြားသူတို့နိုင်နိုင်တဲ့ နေရာကို အဆိုပြုရင်တော့ ခွင့်ပြုမှာပါ’’ ဟု ဦးအောင်သိန်းလင်းကဆက်လက်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီသည် မကြာမီက ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေး၌ ကိုယ်စား လှယ်များ ရွေးချယ်ရေး မူဝါဒချမှတ်ရာတွင် ဒေသခံများလက်ခံနိုင်သူကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံမည်ဆိုသည့် မူဝါဒချမှတ်ထားသဖြင့် ယင်းအချက်နှင့် ကိုက်ညီမှုမရှိသဖြင့် ငြင်းပယ်ခံရခြင်းဖြစ်နိုင်ကြောင်း ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ၂၀၁၀ ကကဲ့သို့ ရာထူး၊ အခွင့်အာဏာပေါ်မူတည်ရွေးချယ်မည်မ ဟုတ်ဘဲ သက်ဆိုင်ရာဒေသခံ ပြည်သူလူထုက လက်ခံသည်ဟု ဆန္ဒပြုသူကိုသာ ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်မည်ဟုမူ သတ်မှတ်ထားကြောင်း ပြည်ခိုင် ဖြိုးပါတီဗဟိုကော်မတီဝင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး တင်မောင်ဦးက ပြောကြားထား သည်။

ကယားပြည်နယ်မှ ၀င် ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထား သည့် ပြည်ထောင်စုဝန်ကြီးနှစ်ဦး အနက် ဦးအောင်မင်းက ၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ငူမဲဆန္ဒ နယ်မှ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရ ရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် လွှတ်တော်အတွင်း၌ သမ္မတ၊ ဒုသမ္မတများ အပါအ၀င်ပြည် ထောင်စုဝန်ကြီး တာဝန်ထမ်း ဆောင်နေသူများ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပါတီအမည်သုံး၍ မဲဆွယ်ခြင်းမပြုရန် ဥပဒေပါပြဋ္ဌာန်းချက်များကို ပြင်ဆင်နေကာ မကြာမီတွင် ယင်းဥပဒေအတည်ဖြစ်လာမည်ဖြစ်သဖြင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ပါတီကိုယ်စားလှယ်လောင်းအမည်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရေး အငြင်းပွားမှုများဖြစ်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

7Day Daily

0 comments:

Post a Comment