Friday, July 3, 2015

အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်မှုကို ၀မ်းနည်းမည်မဟုတ်ဟု အလုပ်သမားအဖွဲ့များတုံ့ပြန်

ဓာတ်ပုံ − ကျော်ဇင်သန်း 

အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်လျှင် ကျပ် ၃,၆၀၀ မပေး နိုင်၍ လုပ်ငန်းပိတ်သိမ်းမည်ဟု ပြည်ပအထည်ချုပ်လုပ်ငန်းရှင် များ၏ ခြိမ်းခြောက်မှုအပေါ် ၀မ်း နည်းနေမည်မဟုတ်ဟု အလုပ် သမားသမဂ္ဂအဖွဲ့များက တုံ့ပြန် ပြောကြားလိုက်သည်။ အနိမ့်ဆုံးလုပ်ခလစာတစ် ရက်လျှင် ကျပ်၃,၆၀၀ ကို အတည်ပြုပါက စက်တင်ဘာမှ စတင်၍ စက်ရုံများပိတ်သိမ်း မည်ဟု ပြည်ပလုပ်ငန်းရှင်များ၏ ပြောကြားခဲ့မှုကို ဇူလိုင် ၃ ရက် ကပြုလုပ်သည့် အလုပ်သမား သမဂ္ဂငါးဖွဲ့၏ သတင်းစာရှင်း လင်းပွဲတွင် တုံ့ပြန်လိုက်ခြင်းဖြစ် သည်။‘‘ကျွန်တော့်အမြင်က ဒါသူ တို့ရဲ့ခြိမ်းခြောက်မှုပါ။ တကယ် ပိတ်ခဲ့ရင်လည်း ကျွန်တော်တို့ဝမ်း နည်းနေမှာမဟုတ်ဘူး။ မြန်မာ ပြည်ဈေးကွက်ဝင်ရောက်ဖို့ တာ စူနေတဲ့ လုပ်ငန်းတွေက အများ ကြီးရှိနေပါတယ်’’ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုး ရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(AFFM-IUF) အထွေထွေအတွင်းရေးမှူး ဦးဇာ နည်သွေးကပြောသည်။

မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် နှောင့် နှေးနေရခြင်းမှာ လုပ်ခလစာသတ် မှတ်မှုစံနှုန်းမရှိခြင်းကြောင့် လုပ် ငန်းခွင်မတည်ငြိမ်မှုများရှိနေပြီး အနည်းဆုံးအခကြေးငွေသတ် မှတ်ပြီးပါက ယင်းပြဿနာများ ပြေလည်သွားနိုင်၍ ၀င်ရောက် လာမည့်လုပ်ငန်းများစွာ ရှိနေ သည်ဟု ၎င်းကထောက်ပြပြော ကြားသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုပ် သားကျွန်ပြုနေတဲ့ လုပ်ငန်းရှင် တွေကို အလိုမရှိပါဘူး။ လူသား ချင်းမစာနာနိုင်ဘဲ ကုပ်သွေးစုပ် ပြီး ထွက်သွားမယ်ဆိုရင် သွား လိုက်ပါလို့ပဲ ပြောချင်တယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆ ရာမများအဖွဲ့ချုပ် MTF မှ အထွေ ထွေအတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူကပြောသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုပြုလုပ်ထားသည့် တရုတ် နှင့် ကိုရီးယားအထည်ချုပ် စက်ရုံ တစ်ရာခန့်က အနိမ့်ဆုံးလုပ်ခ ကျပ် ၃,၆၀၀ အတည်ပြုသတ်မှတ် လိုက်မည်ဆိုပါက စက်ရုံပိတ်သိမ်းသွားမည်ဟု ကြေညာထား သည်။

အကယ်၍ စက်ရုံများ ပိတ် သိမ်းခဲ့မည်ဆိုပါကလည်း မြန်မာ နိုင်ငံဥပဒေပါပြဋ္ဌာန်းချက်များအ တိုင်း လျော်ကြေးငွေများအတိအ ကျ ပေးလျော်သွားရမည် ဖြစ် ကြောင်း ၎င်းတို့ကပြောသည်။ ထို့ ပြင် အလုပ်လက်မဲ့အလုပ်သမား များ အလုပ်ပြန်လည်ရရှိရန်သမဂ္ဂအဖွဲ့ချုပ်များက အလုပ်သမား ၀န်ကြီး ဌာနနှင့်ချိတ်ဆက်၍ ရှာ ဖွေပေးသွားမည်ဟုအဆိုပါ သတင်းစာ ရှင်းလင်းပွဲမှသိရသည်။

ပိတ်သိမ်းမည်ဆိုသော နိုင်ငံ ခြားသားပိုင်စက်ရုံများအနေဖြင့် လျော်ကြေးမပေးဘဲ ရှောင်ပြေး၍ စက်ရုံပိတ်သိမ်းပါက အမည်ပျက် စာရင်းသွင်းကာ ၎င်းတို့၏သက် ဆိုင်ရာနိုင်ငံသို့ ပေးပို့ကြေညာ သွားမည်ဟု အလုပ်သမားသမဂ္ဂ အဖွဲ့ငါးဖွဲ့က သတိပေးပြောကြား သည်။

မြန်မာနိုင်ငံတောင်သူလယ် သမားစိုက်ပျိုးရေးနှင့်စားသောက် ကုန်ထုတ်လုပ်ငန်းပေါင်းစုံအလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံအ လုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် (MTF)၊ မြန်မာနိုင်ငံပင်လယ်ရေ ကြောင်း အလုပ်သမားများအဖွဲ့ ချုပ်(MMWF)၊ ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေး ကွန်ရက် (MWRN) စသည့်အဖွဲ့ငါးဖွဲ့က အ လုပ်သမားများ၏အခြေခံလုပ် ခလစာ ကျပ် ၃,၆၀၀ ပေးမည့်အ ပေါ် နောက်ဆုံးထားလိုက်လျော သည့်အနေဖြင့် လက်ခံကြောင်း အဆိုပါရှင်းလင်းပွဲတွင် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

သို့သော် အလုပ်သမားများ အတွက် ခရီးစရိတ်၊ နေထိုင်မှုစ ရိတ်နှင့် လုပ်ငန်းခွင် ပညာသင် ကြားနိုင်ခွင့်အပါအ၀င် လုပ်သက် အကျိုးခံစားခွင့်ကိုလည်း တစ်နှစ် လျှင် ကျပ် ၁၀,၀၀၀ တိုးပေးရန် ထည့်သွင်းပြဋ္ဌာန်းပေးနိုင်မှသာ လျှင် အဆိုပြုနှုန်းကို လက်ခံမည် ဟု ၎င်းတို့ကပြောသည်

7Day Daily

0 comments:

Post a Comment