Sunday, July 5, 2015

ဗီဒီယို အကြိုခံစားခြင်း- ပင်လယ်အော်သံ


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ကားလေး တစ်ကားအကြောင်း ညွှန်းပေး လိုက်ပါတယ်။

ပင်လယ်က ချောင်းသာ ကမ်းခြေရဲ့ လူသူမရှိတဲ့ ကျွန်း တစ်ကျွန်းမှာ တစ်ယောက်တည်း နေနေပါတယ်။ တစ်ရက်မှာတော့ သူ့နားထဲမှာ အသံတစ်သံကြားခဲ့ ပါတယ်။ သူကြားတဲ့ အသံက ပင်လယ်ဆိုပြီး ကောင်မလေး တစ်ယောက်ကခေါ်တဲ့ အသံတစ် သံပါ။ တကယ်တော့ ပင်လယ် ကို သူ့ရွာက လူတွေက သေသွား ပြီလို့ သိထားကြတာပါ။ နောက် ပြီး သူက ပင်လယ်လို့အော်တဲ့ အသံကို သူ့ရဲ့ ချစ်သူဖြူစိမ်းဆို တဲ့ ကောင်မလေးခေါ်တာလို့ ထင်နေတာပါ။ ဒါပေမဲ့ သူ့ချစ်သူ ကောင်မလေးက တကယ်တော့ သေဆုံးသွားပါပြီ။ ဒါပေမဲ့လည်း ပင်လယ်ရဲ့ စိတ်ထဲမှာ တော့ သူ့ချစ်သူဖြူစိမ်းသေတယ် လို့ လုံးဝကို လက်မခံပါဘူး။ ပင်လယ်ဆိုတဲ့ ခေါ်သံကြား ပြီးတဲ့နောက်မှာတော့ အဲဒီအသံ ကြားတဲ့ ကမ်းခြေဘက်ကို ပင် လယ် ထွက်လာခဲ့ပါတယ်။ တကယ်တော့ အဲဒီအော်သံတွေ က ချောင်းသာကို အပန်းလာဖြေ တဲ့ ကောင်မလေးတွေ အော်တဲ့ အသံပါ။ ကောင်မလေးက သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူချောင်း သာကို အပန်းဖြေခရီးထွက်လာ တာပါ။ ကမ်းခြေမှာ သူ့ချစ်သူ ဖြူစိမ်းကို လာရှာတဲ့ ပင်လယ်က အဲဒီကောင်မလေးကို တွေ့သွား ပါတယ်။ ထူးခြားတာတစ်ခုက တော့ အဲဒီကောင်မလေးက ပင် လယ်ရဲ့ ချစ်သူဖြူစိမ်းနဲ့ ရုပ်ချင်း ခွဲမရအောင် တူနေတာပါ။ အဲဒါကြောင့် ဖြူစိမ်းမသေဘူးဆိုတဲ့ ပင်လယ်ရဲ့ စိတ်ကို အတည်ပြုပေး သလိုဖြစ်နေပါတယ်။ တကယ်တော့ ဖြူစိမ်းက ပင်လယ်တို့ ရွာရဲ့ အလှဆုံး ကောင်မလေးတစ်ယောက်ပါ။ နောက် ပြီးဖြူစိမ်းက မိဘမဲ့တစ်ယောက်ပါ။ အဲဒါကြောင့် သူတို့ရွာက သူဌေးမောင်မောင်က ဖြူစိမ်းကို ထောက်ပံ့ပေးနေတာပါ။

တကယ်တော့ အဲဒီသူဋ္ဌေးက လူကောင်း မဟုတ်ပါဘူး။ အဲဒါကြောင့် ဖြူစိမ်းနဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိတဲ့ ပင်လယ်ကိုလည်း ပြဿနာရှာလေ့ရှိပါတယ်။

ဖြူစိမ်းကတော့ သူဌေးမောင်မောင်ကို စိတ်မ၀င်စားပါဘူး။ ဖြူစိမ်းက ပင်လယ်ကို မောင်မောင်တို့နဲ့ ထိပ်တိုက်မတွေ့ဖို့ အမြဲပြောလေ့ရှိပါတယ်။ ပင် လယ်ကတော့ ငွေမရှိတာကြောင့် ပင်လယ်ထဲကနေ ရေငုပ်လို့ရတဲ့ အမှတ်တရပစ္စည်းလေးတွေပဲ ပေးနိုင်ပါတယ်။ ဖြူစိမ်းကလည်း အဲဒီပစ္စည်းလေးတွေကို မြတ်မြတ်နိုးနိုးလက်ခံလေ့ရှိပါတယ်။

ပင်လယ်နဲ့ ဖြူစိမ်းကို ရွာထဲ က လူတွေကတော့ သဘောတူ ကြပါတယ်။ သဘောမတူတာက ဖြူစိမ်းရဲ့ အုပ်ထိန်းသူ ကြီးတော် ကြီးပါ။ အဲဒီလိုနဲ့ တစ်ရက်မှာ တော့ ဖြူစိမ်းနဲ့ ပင်လယ်တို့ ကမ်း ခြေတစ်ခုကို သွားရင်း ချစ်သူတွေ ဖြစ်သွားကြပါတယ်။ ပင်လယ်နဲ့ ဖြူစိမ်းတို့ ဇာတ်လမ်းဘာတွေ ဆက်ဖြစ်မှာလဲ။ ဖြူစိမ်းဘာလို့ သေသွားတာလဲ။ မြို့ကလာတဲ့ ဖြူစိမ်းနဲ့ ခွဲမရအောင် တူတဲ့ ကောင်မလေးနဲ့ ဘယ်လိုဇာတ် လမ်းတွေ ဆက်ဖြစ်မှာလဲဆိုတာ တွေကိုတော့ ဇူလိုင် ၇ ရက်မှာ အောင်တိုင်းကျော်ထုတ်လုပ်ရေး ကနေ စတင်ဖြန့်ချိပေးမယ့် ပင် လယ်အော်သံဆိုတဲ့ ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ပင်လယ် အဖြစ် နေတိုး၊ ဖြူစိမ်းအဖြစ် ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဦးနီတိရဲ့ ဇာတ် လမ်းကို သမီးဖြတ်ကျော်ဇာတ် ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက် ကူးပုံဖော်ပေးထားပါတယ်

7Day Daily

0 comments:

Post a Comment