Saturday, July 4, 2015

ဗီဒီယို အကြိုခံစားခြင်း - ရယ်စရာလား


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်ဟာသကားလေး တစ်ကားအကြောင်းကိုပဲ ညွှန်း ပေးလိုက်ပါတယ်။

စံချိန်တိုးက စိတ်ရင်းကောင်း ပေမယ့် သူ့ဘေးနားမှာရှိတဲ့သူတွေ ကိုတော့ လိုက်ပြီးဦးနှောက်စား လေ့ရှိပါတယ်။ သူက သူ့သူငယ် ချင်းသုံးယောက်နဲ့ အဆောင်ငှား နေတာပါ။ အဲဒီလိုနဲ့ တစ်ညမှာ စံ ချိန်တိုးတစ်ရေးနိုးပြီး အိပ်လို့မရ တာကြောင့် သူ့သူငယ်ချင်းသုံး ယောက်ကိုစခဲ့ပါတယ်။ စတယ် ဆိုပေမယ့်လည်း အိပ်နေတဲ့ သူ ငယ်ချင်းတွေက သရဲတကယ် ခြောက်တယ်ထင်ပြီး ကြောက် စိတ်ဖြစ်တဲ့အထိကိုစတာပါ။အဲဒါ ကြောင့် သူ့သူငယ်ချင်းတွေက သူ့ တို့အိပ်ရေးပျက်တဲ့အတွက် သင် တန်းမှာ မနက်စာကျွေးခိုင်းခဲ့ပါ တယ်။ မတတ်သာတဲ့အဆုံးမနက် စာကျွေးဖို့လက်ခံခဲ့ပါတယ်။ နောက်တစ်နေ့မနက် သင် တန်းကိုရောက်တဲ့အချိန်မှာတော့ စံချိန်တိုးရဲ့ သူငယ်ချင်းတွေက အပီအပြင်ကိုဆွဲပါတယ်။ ကျွေး တဲ့လူ သဒ္ဓါတရားပျက်အောင်ကို ပုံပျက်ပန်းပျက်ဆွဲတာပါ။ အဲဒါ ကြောင့် စံချိန်တိုးလည်း သူမရှင်း ရအောင် အကြံထုတ်နေပါတယ်။ အဲဒီအချိန်မှာပဲ စံချိန်တိုးစနေကျ သူတွေနဲ့ သင်တန်းအတူတူတက် နေတဲ့ ချောအိပြုံးတို့အဖွဲ့ ကင်န်တင်းထဲကိုလာကြပါတယ်။ ချော အိပြုံးတို့အဖွဲ့စားစရာတွေမှာပြီး တဲ့အချိန်မှာ စံချိန်တိုးက စားပွဲထိုး လေးကိုခေါ်ခဲ့ပါတယ်။ နောက်ပြီး သူတို့ဝိုင်းကို ချောအိပြုံးတို့ရှင်း ပေးမှာလို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ စားပွဲထိုးလေးက မယုံတာကြောင့် စံချိန်တိုးက ချောအိပြုံးကိုယ်တိုင် ရှင်းမယ်လို့ပြောရင်ရလားဆိုပြီး သဘောတူညီမှုယူခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စံချိန် တိုး ချောအိပြုံးတို့အဖွဲ့ဆီကိုသွား ခဲ့ပါတယ်။ အဲဒီလိုသွားပြီးပြန်လာ ချိန်မှာတော့ ချောအိပြုံးဆီကနေ ရှင်းမယ်ဆိုတဲ့စကားရခဲ့ပါတယ်။ အဲဒါကြောင့်စားပွဲထိုးလေးလည်း ယုံသွားခဲ့ပါတယ်။ အဲဒီကိစ္စပြီးတာနဲ့ စံချိန်တိုးတို့အဖွဲ့က လစ်ထွက်သွားခဲ့ပါတယ်။ ပြဿနာစတာက ချောအိပြုံးတို့အဖွဲ့ ပိုက်ဆံရှင်းတဲ့ အချိန်မှာပါ။ ချောအိပြုံးကသူရှင်းမယ်လို့ပြောတာ သူတို့စားထား တာတွေအတွက်မဟုတ်ဘူးလို့ ပြန်ပြောခဲ့ပေမယ့် စည်းကမ်းထိန်းသိမ်းရေးရုံးကိုရောက်မှာစိုးတာကြောင့် စံချိန်တိုးတို့စားထားသမျှ ချောအိပြုံးရှင်းပေးခဲ့ပါတယ်။အဲဒီပြဿနာက ရုံးခန်းထိ ရောက်ခဲ့ပေမယ့် စံချိန်တိုးဘက်က ပိပိရိရိဆက်လိမ်နိုင်တာကြောင့် ဒီအတိုင်းပြန်လာခဲ့ရပါတယ်။ အဲဒီလိုနဲ့နောက်တစ်ရက်မှာလည်း ဘတ်စ်ကားမှတ်တိုင်မှာ ရပ်စောင့်နေတဲ့ ချောအိပြုံးတို့ကိုစရင်း မျက်မမြင်ယောင်ဆောင်ထားတဲ့သူတစ်ယောက်နဲ့ ပြဿနာတက်ခဲ့ပါတယ်။

ကျောင်းကိုရောက်တဲ့အချိန် လူတွေအုံပြီးရယ်စရာတွေပြောနေတဲ့ စံချိန်တိုးကို ချောအိပြုံး စိတ်တိုပြီးသွားရန်တွေ့ခဲ့ပါတယ်။ တကယ်တော့ စံချိန်တိုးက ဗီဒီယိုဇာတ်ကားတစ်ကားအကြောင်းကိုပြောနေတာပါ။ အဲဒါကို ချောအိပြုံးကမသိဘဲ မျက်မမြင်ကြီးနဲ့ ပြဿနာဖြစ်တဲ့အကြောင်းကို ပြောတယ်ထင်ပြီး ရန်တွေ့တာပါ။ ဒါပေမဲ့လည်း အဲဒီ အကြောင်းကိုသူပြောမှ အားလုံးသိပြီး အလှောင်ခံခဲ့ရပါတယ်။ အားလုံးကို ဦးနှောက်လိုက်စားနေတဲ့ စံချိန်တိုးကို ချောအိပြုံးတို့ ဒီအတိုင်းပဲကြည့်နေမှာလား။ ဘယ်လိုတွေပညာပေးမှာလဲ။ စံချိန်တိုးကကော ငြိမ်ခံနေမလား။ ဘယ်လိုတွေတုံ့ပြန်မလဲဆိုတာ ကိုတော့ အောင်တိုင်းကျော်ထုတ် လုပ်ရေးကနေ ဖြန့်ချိပေးမယ့် ရယ်စရာလား ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားလေးမှာ စံချိန်တိုးအဖြစ် နေတိုးနဲ့ ချောအိပြုံး အဖြစ် အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိုးစက်ဝိုင်ရဲ့ ၀တ္ထုကို ကိုကျော်ကဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment