Saturday, February 17, 2018

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဥရောပ ပါလီမန်ကိုယ်စားလှယ်အဖွဲ့က အဆိုပြုချက် ၄ ချက် ထုတ်ပြန်


မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရ်ုနိုင်ငံနယ်စပ် Cox’s Bazar သို့ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ (၅) ရက်တာ သွားရောက်လေ့လာခဲ့သည့် ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ဆပ် ကော်မတီ (DROI) မှ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားရေးရာနှင့် ကုန်သွယ်မှုဆိုင်ရာ ဥရောပသမဂ္ဂ လွှတ်တော်အမတ်များ၊ ဥရောပလွှတ်တော်မှ အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးကော်မတီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အဆိုပြုချက် ၄ ချက်ထုတ်ပြန် လိုက်သည်။
ယင်းခရီးစဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၆ ရက်ညနေပိုင်းက နေပြည်တော် ရှိ Hilton Hotel တွင် သတင်း စားရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံအတွင်းရှိလူ့အခွင့်အရေးဆိုင်ရာအခြေအနေကို ထိရောက်သော စောင့်ကြပ် ထိန်းကွပ်မှု ပြုလုပ်ခြင်းနှင့် ရခိုင်ပြည်နယ်သို့ အတားအဆီးမရှိ လူသားဆိုင်ရာအထောက်အပံ့ပြုလုပ်နိုင်ရေး ၊ နိုဝင်ဘာ ၂၃ သဘောတူညီချက်ကို UNHCR ၏ ပါဝင်မှုဖြင့် အာမခံချက်ရှိရှိ အပြည့်အ၀ အကောင်အ ထည်ဖော်ဆောင်ရေး၊ နိုင်ငံကင်းမဲ့သူများ၏ ပြဿနာပြေလည်စေရန် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင် မွမ်းမံရေးနှင့် ရခိုင်ပြည်နယ်အတွင်းမှ ဖြစ်ရပ်များကို စုံစမ်းဖော်ထုတ်မည့် ကော်မတီတရပ် ဖွဲစည်းရေး စသည့် အဆိုပြုချက် ၄ ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ အခုလေ့လာမှုသည် လုံလောက်သော အချိန်ကာလမဟုတ်ကြောင်းကိုတော့ ပြောကြားလိုပါတယ်။ ဘင်္ဂလားဒေ့ရု နိုင်ငံ Cox’s Bazar နယ်မြေမှာ ဆိုးဝါးတဲ့ အခြေအနေများကို ကြုံတွေ့ခဲ့ရပါတယ်။ ဒေသရဲ့ လူမျိုးစု၊ လူနည်းစု ဘယ်သူဆိုတာကို သိရှိလိုတဲ့အတွက် ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနိုင်မဲ့ ကော်မတီ တရပ် ဖွဲ့စည်းပေးဖို့တောင်းဆိုခြင်းဖြစ်ပါတယ်” ဟု ဥရောပ ပါလီမန်အဖွဲ့၏ ဥက္ကဌဖြစ်သူ Mr.Pier Antion Panzeri (S & D, IT )ကပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်း ကူးပြောင်းရေးဖြစ်စဉ်များမှ ကြီးမားသောအခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်းလည်း ၄င်းကပြောသည်။

ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့ အစည်း ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

“ကျွန်ုပ်တို့အနေနဲ့ မိမိပြည်သူများရဲ့ ဘ၀ကို ပိုမိုကောင်းမွန်အောင် ဆောင်ကျဉ်းပေးဖို့အတွက် ဒီမိုကရေစီ နည်းကျ ပြုပြင်ပြောင်းလဲမှု၊ အခြေခံဥပဒေပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ဖို့လိုတယ်လို့ ရှုမြင်ပါတယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး ကဏ္ဍတိုင်းတွင် တိုက်တွန်းအားပေးမှုများနှင့် တားဆီးကန့်ကွက်မှုများသာမက အခြေအနေများအပေါ် အခြေပြုသော မူဝါဒသစ် ချမှတ်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

ထွန်း (နေပြည်တော်)
News Watch

0 comments:

Post a Comment