Friday, February 2, 2018

ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူ ၃ ဦးကို နိုဘယ်လ်ဆု အမည်စာရင်း တင်သွင်း


အမေရိကန် အောက်လွှတ်တော်အမတ်တွေဟာ ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ ဒီမိုကရေစီ ပိုမိုရရှိရေး လှုပ်ရှား မှုနဲ့ အဲဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ဂျိုရွှာဝေါင်ကို အခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
ဂျိုရွှာဝေါင်အပြင် သူနဲ့အတူ တိုက်ပွဲဝင်ခဲ့သူတွေဖြစ်တဲ့ နာသံလော် ၂၄ နှစ်နဲ့ အဲလက်စ်ချောင် ၂၇ နှစ်တို့ လည်း ပါဝင်ပါတယ်။

လွှတ်တော်အမတ်တွေကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ဟောင်ကောင်ရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင် ခွင့်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ အားထုတ်ခဲ့တာကို အသိအမှတ်ပြုလိုတာကြောင့် အခုလို အမည်စာရင်း တင်သွင်း တာလို့ ပြောပါတယ်။

တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဟောင်ကောင်ဒေသမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးနိုင်ရေးနဲ့ ဒီမိုကရေစီပိုမိုရရှိရေး လှုပ်ရှားမှုကို ဟောင်ကောင် ဒေသန္တရ အစိုးရနဲ့ တရုတ်အစိုးရတို့က တရားမဝင်ဘူးလို့ မှတ်ယူထားပါတယ်။

DVB


0 comments:

Post a Comment