သက်ငယ်မုဒိမ်းမှု
ကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေးအတွက် လက်ရှိ ရာဇသတ်ကြီးပုဒ်မ ၃၇၆
ပြင် ဆင်ရေးဥပဒေကြမ်းကို ဖေဖော်ဝါရီလအတွင်း လွှတ်တော်တင်နိုင်အောင်
ကြိုးစားသွားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ပြောသည်။
ရာဇသတ်ကြီးဥပဒေတွင်
ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်သူများအတွက် ပြဋ္ဌာန်းထားသည့်
ပြစ်ဒဏ်များသည် ပြည့်စုံလုံလောက်မှုမရှိသည့်အတွက် လွှတ်တော်တွင်တင်ပြကာ
ဥပဒေအဖြစ် ပြဋ္ဌာန်းရန်လိုအပ်ကြောင်း၊ ယခုရက်ပိုင်းတွင်
သက်ငယ်မုဒိမ်းမှုများအဖြစ်များနေကြောင်း ဒေါ်ခင်စောဝေက ပြောသည်။''သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့လူတွေကို သေဒဏ်ပေးဖို့ ဥပဒေဖြစ်ရေးအတွက် အန်တီကို တောင်းဆိုမှုတွေ တိုက်တွန်းမှုတွေရှိနေကြတယ်။ အန်တီ ကလေးတွေကိုလည်း ကိုယ်ချင်းစာတယ်။ မိသားစု တွေကိုလည်း ကိုယ်ချင်းစာတယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့အတွက် အန်တီအနေနဲ့ ကြိုးစားပြီး ပြန်တင်ဖို့ရှိပါတယ်။ ဒီတခါတင်ရင်တော့ သေဒဏ်ကို လက်တွေ့ကျင့်သုံးဖို့အတွက်ကို ဥပဒေပညာရှင်တွေ နဲ့ပါ တိုင်ပင်ပြီး ထပ်ထည့်မယ်''ဟု ဒေါ်ခင်စောဝေက News Watch သို့ ပြောသည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဒေါ်ခင်စောဝေသည်အသက် ၁၆ နှစ်အောက် မိန်းကလေးတဦးကို မုဒိမ်းမှုကျူးလွန်လျှင် တသက်တကျွန်းဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်ရေးနှင့် အုပ်စုဖွဲ့ပြီး မုဒိမ်းမှုကျူး လွန်ပါက သေဒဏ်ချမှတ်ရမည်ဟု လက်ရှိ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ကို ပြင်ဆင်နိုင်ရေးတင်ပြခဲ့သော် လည်း ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ဥပဒေလုပ်ထုံးလုပ် နည်းနှင့်မညီညွတ်ဟုဆို ကာ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခံခဲ့ရသည်။
ရာဇသတ်ကြီးဥပဒေတွင် သက်ငယ်မုဒိမ်းမှုများအတွက် သီးသန့်ဥပဒေမရှိကြောင်း၊ ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့ သည့် လက်ရှိရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ တွင် မုဒိမ်းမှုကျူးလွန်သူကို တသက်တကျွန်း(၂၀-နှစ်)ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရ သည်။
၂၀၁၇ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှု ၂၂၆ မှု၊ သက်ကြီးမုဒိမ်းမှု ၇၉ မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ်ထက် စုစုပေါင်း ၃၀၅ မှု ပိုမိုဖြစ်ပွားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ သကြီးတို့တွင် အများဆုံး ဖြစ်ပွားခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလတို့အတွင်း သက်ငယ် မုဒိမ်းမှုများမှာ အဖြစ်များလျက်ရှိပြီး ဥပဒေတွင် တိတိကျကျသေဒဏ်ပြဋ္ဌာန်းပြီး လက်တွေ့အကောင်အ ထည်ဖော်မည်ဆိုပါက လျော့နည်းသွားမည်ဟု ဥပဒေပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူ များက ယုံကြည်နေကြောင်း သိရသည်။
ဝင်းဇော်နိုင်
News Watch
0 comments:
Post a Comment