Wednesday, February 7, 2018

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းအရ စည်ပင်ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမည်


အသစ်ရေးဆွဲထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေကြမ်းအရ အသက် (၁၈)နှစ်ပြည့်ပြီးသူ တိုင်း မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံတွင် ခရိုင်အဆင့်ကော်မတီပါဝင် ခြင်း မရှိသည်ကို တွေ့ ရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။
ယခင်က ကျင့်သုံးခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေတွင် စည်ပင်သာယာ ရေးကော်မတီ အဆင့်ဆင့် ရွေး ကောက်ပွဲ၌ အိမ်ထောင်စုစာရင်း ရှိသည့် တစ်အိမ်ထောင်လျှင် တစ် ဦးနှုန်းသာ မဲပေးခွင့် ရှိခဲ့သည်။

‘‘အခု ဥပဒေကြမ်းအရဆိုရင် တော့ ဒီမိုကရေစီစံနှုန်းညီသွား တာပေါ့။ ဒါကတော့ ဖြစ်သင့်တဲ့ အချက်လို့ မြင်ပါတယ်’’ဟု စမ်း ချောင်းမဲဆန္ဒနယ် အမှတ်(၂)  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကြမ်းတွင် ရွေး ကောက်ပွဲစတင်ကျင်းပသည့်နေ့ ၌ အသက် (၁၈)နှစ်ပြည့်၍ ဥပဒေ အရ သတ်မှတ်ထားသည့်အရည် အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ မဲပေးပိုင်ခွင့် ရှိသူတိုင်းသည် ဆန္ဒမဲပေးခွင့်ရှိသည်ဟု ရေးဆွဲထား သည်။

အဆိုပါဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများသည် ရွေးကောက်ပွဲ၌ မြို့ တော်စည်ပင်သာယာရေးကော်မတီဝင်ကိုယ် စားလှယ်လောင်းတစ် ဦးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ကိုယ်စားလှယ် လောင်းသုံးဦးကို ဆန္ဒမဲတစ်မဲစီပေးပိုင်ခွင့်ရှိသည်။

ထို့ကြောင့် အဆိုပါစည်ပင် သာယာကော်မတီရွေးကောက်ပွဲ တွင် ခရိုင်ကော်မတီ ပါဝင်လာ ခြင်း မရှိတော့ သည်ကို တွေ့ရ ကြောင်း ဦးသော်တာအောင်က ပြောသည်။

ထိုသို့ ခရိုင်ကော်မတီများကို ဖျက်သိမ်းခြင်းကြောင့် စည်ပင် သာယာရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဗဟိုအဆင့်က အစစအရာရာ တာဝန်ယူဖြေရှင်းဆောင် ရွက်ရမည့်သဘောဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဝင်ဟောင်း ဒေါက် တာ အေးမင်းက မှတ်ချက်ပြု သည်။ ‘‘အရင်ကတော့ မြို့နယ်အ ဆင့်က ဖြေရှင်းလို့ရတာကို မြို့ နယ်မှာ ရှင်းတာပေါ့။ မြို့နယ်က မရှင်းနိုင်တဲ့ကိစ္စမျိုးဆိုရင် ခရိုင် ကော်မတီကနေ ရှင်းပေးရတယ်။ တော်တော်များများ ပြဿနာတွေ က ခရိုင်မှာတင် ပြတ်တယ်။ ခရိုင် ကော်မတီမရှိတော့ဘူးဆိုတဲ့အခါ ကျတော့ သာမန်ကိစ္စတစ်ခုကို ဗဟိုကို တင်ပြနေရမယ့်သဘောဖြစ် တာပေါ့။ ခါးကြောပြတ်သွားမယ့် အခြေအနေမျိုး ဖြစ်မှာကို တွက်ဆမိတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိ သည်ဆိုသည့် အချက်သည် ဒီမိုကရေစီ စံနှုန်းနှင့်ကြည့်ပါက သင့်လျော်သော်လည်း ယခင်စည်ပင် သာယာဥပဒေ၌ မြို့တော်တွင် အမှန်တကယ် အခွန်ထမ်းနေထိုင် သူများသာ မဲပေးပိုင်ခွင့် ပေးထား ကြောင်း ဦးအောင်မင်းကဆိုသည်။

‘‘ဘယ်အချက်က ပိုသင့် လျော်တယ်ဆိုတာကို အားလုံးဝိုင်းဝန်းစဉ်းစားဆုံးဖြတ်ရမှာပါ’’ ဟု ၎င်းက ပြော သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ရွေး ကောက်ပွဲကို ၂၀၁၄ က ပြုလုပ်ခဲ့ ပြီး အစိုးရသစ်တာဝန် ယူပြီး ၂၀၁၆ တွင် ရွေးချယ်ခံခဲ့ရသည့် ကော်မတီဝင်များကို တာဝန်ပြီးဆုံး ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြေညာခဲ့သည်။

အဆိုပါဥပဒေအတည်ပြုပြီး မှသာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင်ရွေး ကောက်ပွဲပြုလုပ် မည်ဟု ဦးမောင် မောင်စိုးက ပြောကြားသည်။

7Day

0 comments:

Post a Comment