ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) အ ဆင့်ဆင့်တွင် ပါဝင်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်များ၏ မျက်နှာစုံညီအစည်းအဝေးတွင် ၂ နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်၏ အားသာချက်နှင့် အားနည်းချက် များကို ပြန်လည်သုံးသပ်နေ ကြောင်း KNU ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စောရောဂျာခင်က ပြောသည်။
‘‘ရှစ်ရက်နေ့အထိ သုံးရက် ခန့်မှန်းထားတယ်။ JMC ရဲ့ လုပ် ငန်းကို ၂ နှစ်ကျော်အတွင်း ဘယ်မှာအားနည်း ချက်ရှိလဲ၊ ဘယ်မှာ အားသာချက်ရှိလဲ အဲဒါကိုပဲ ပြန် သုံးသပ်တာပေါ့’’ဟု KNU ကာ ကွယ်ရေးဌာနတာဝန်ခံ က ဆိုသည်။
ယင်းသို့အဖွဲ့တွင်းရှိ JMC ကိုယ်စားလှယ်များ မျက်နှာစုံညီ အစည်းအဝေးကျင်းပရခြင်းသည် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးခိုင်မာစေရန်၊ ပိုမိုလက်တွေ့ကျသည့် ပူးတွဲစောင့်ကြည့်မှုဖြစ်လာစေရန် နှင့် လုပ်ငန်းတာဝန် များ၊ လုပ်ပိုင်ခွင့်များကို လက်နက်ကိုင်တပ်မှူး များရှင်းလင်းပီပြင်စွာသိရှိစေရန် ရည်ရွယ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ရှင်းပြ ထားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် NCA အရဆောင်ရွက်ရမည့် နိုင်ငံရေးဆွေး နွေးပွဲများ အောင်မြင်စွာကျင်းပ နိုင်ရေး၊ တပ်မတော်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲများ၊ ပဋိပက္ခ များမဖြစ်ပွားစေရေးဆောင်ရွက် ရန် နှစ်ဖက်ကိုယ်စားလှယ်များပါ ၀င်သည့် အပစ်ရပ်ပူး တွဲစောင့် ကြည့်ကော်မတီများကို ပြည် ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသအဆင့်ဟူ၍ ဖွဲ့စည်း ထားသည်။
7Day
0 comments:
Post a Comment