ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတားတွင် ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်လာသည် Super Custom အမျိုးအစားကားပေါ်၌ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ ၇ ဦးအား ဖေဖော်ဝါရီလ ၈ ရက် ညနေပိုင်း က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ညနေက ဖမ်းမိတာပါ။ သူတို့ကို စခန်းမှာစစ်ဆေးနေတုန်းပဲ။ ဖမ်းဆီးရမိသူတွေကို လ.ဝ.က က တရားစွဲမှာ ဘယ်လမ်းကလာလည်းဆိုတာကိုတော့ စစ်ဆေးနေတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ် ကမဇ္ဈိမသို့ပြောသည်။
လက်ရှိတွင် အဆိုပါသူများအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် ဖမ်းဆီးရ မိခြင်း ဖြစ်သည်။
"အခုအကြိမ်ထပ်မိတာ။ ဖေဖော်ဝါရီလထဲမှာ နှစ်ကြိမ်မြောက် ဖမ်းဆီးရမိတာပါ။ ရဲတပ်ဖွဲ့က စစ်ဆေးနေ တုန်းပါပဲ။ သူတို့ကို ပွဲစားကတဆင့် ပို့တာပြောတယ်”ဟုညောင်တုန်းမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဆန်းက မဇ္ဈိမသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၂၉/၅နှင့်၂၉/၆ကြား၌ FOTONကားအမျိုးအစား နံပတ်9I/7977ပေါ်တွင် ဘင်္ဂါလီ၂၁ ဦးကို တွေ့ ရှိရပြီး၊ သယ်ဆောင်သူ ၂ ဦးတို့ ညောင်တုန်းမြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အရေးယူဆောင် ရွက်ထားပြီးဖြစ်သည်။
မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊အသင်းစုကျေးရွာအနီးတွင် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင် ၂၉/၅ နှင့်၂၉/၆ တွင် ကုန်တင်ကားတစ်စီးရပ်တန်ထားကြောင်း သတင်းအရ စစ်ဆေးရာ အဆိုပါ ၂၁ ဦးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့နှင့် နယ်မြေထိစပ်လျက်ရှိပြီး၊ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဂွ-ငါးသိုင်းချောင်းကားလမ်းလည်းရှိသည်။
ထိုသို့ တရားမဝင် ဝင်ရောက်မှုကို ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၇ခုနှစ်တွင် ဘတ်ရဲစစ်ဆေးရေး ဂိတ်နှင့်ရေနံ့သာစစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးရမိခဲ့ပြီး၊ယခုတစ်ကြိမ်သည့် ၂၀၁၈ခုနှစ်တွင် ဖေဖော်ဝါရီ လတွင် ဒုတိယအကြိမ် တွေ့ ရှိရခြင်းဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment