Thursday, February 8, 2018

NCA တွင် အစိုးရဘက်မှ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်ချုပ်တို့လက်မှတ်ထိုးမည် ဆရာတော်များလမ်းညွှန်ချက်အရ ဖေဖော်ဝါရီ ၁၃ တွင် လက်မှတ်ထိုးရန် ရွေးချယ်ခဲ့ခြင်းဟုဆို

မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း NMSP ဗဟိုကော်မတီဝင် နိုင် အောင်မငေးက ပြောသည်။
ထို့အပြင် မွန်ပြည်သစ်ပါတီဘက်မှ ဥက္ကဋ္ဌ နိုင်ထောမွန် လက်မှတ်ရေးထိုးမည်ဟု ၎င်းကဆိုသည်။

‘‘ညှိနှိုင်းသလောက်ပေါ့။ နိုင်ငံတော်အတိုင်ပင်ခံထိုးမယ်။ ကာ ကွယ်ရေးဦးစီးချုပ်ထိုးမယ်’’ဟု နိုင်အောင် မငေးက ဖေဖော်ဝါရီ ၈ ရက် တွင် ပြောကြားသည်။

NCA လက်မှတ်ထိုးပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက် ရောက်ခြင်းရှိ၊ မရှိနှင့် NCA တွင် ပါဝင်လက် မှတ်ထိုးခြင်းပြု၊ မပြုကိစ္စ ကိုမူ နိုင်ငံတော်ပိုင်းကစီစဉ်ခြင်းဖြစ်၍ ၎င်းအနေဖြင့် တိတိကျကျပြော၍မရဟု ဆို သည်။ ‘‘၁၃ ရက်နေ့ ဘယ်လိုပြောင်းလဲလာမလဲတော့မသိဘူးပေါ့လေ’’ ဟု နိုင်အောင်မငေးက ပြောသည်။

NCA လက်မှတ်ထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက် ရောက်မည်ဟု သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည် ပြုသော်လည်း နိုင်ငံတော်သမ္မတ တက်ရောက်နိုင်ခြင်းရှိ၊ မရှိနှင့် ပတ်သက်ပြီးမေးမြန်းရာ အစီ အစဉ်အသေးစိတ်ထုတ်ပြန်ရန် မရှိဟု ဖြေကြားသည်။ ‘‘အဲဒီနေ့ (၁၃ ရက်နေ့)ကျရင် ကျွန်တော်တို့ Live လွှင့်မယ်ဗျနော်၊ ဟုတ်ပ လား’’ ဟု ၎င်းကဆိုသည်။

NCA လက်မှတ်ထိုးရာတွင် ယခင် NCA လက်မှတ်ထိုးထားပြီး ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသက်သေအဖြစ် ပါ ၀င်လက်မှတ်ထိုးပေးရန် အစီအ စဉ်ရှိကြောင်းလည်း နိုင်အောင် မငေးက ပြောသည်။

ထို့အပြင် NCA လက်မှတ်ထိုးပွဲမတိုင်မီ ဖေဖော်ဝါရီ ၁၂ ရက်ပြည်ထောင်စုနေ့ အခမ်းအနားညစာစားပွဲသို့ NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ဖိတ်ကြားထား သည်။

‘‘ဖိတ်တာကတော့ ပြည် ထောင်စုနေ့ညစာစားပွဲကနေ စ ဖိတ်တယ်။ ၁၃ ရက်နေ့ညနေ ၂ နာရီမှာကျတော့ လက်မှတ်ထိုးပွဲ ပေါ့ဗျာ။ လက်မှတ်ထိုးပွဲပြီးလို့ ည ၇ နာရီမှာ ညစာစားပွဲတစ်ခုပြန် လုပ်တယ်ဗျ။ ဖိတ်စာ ကတော့ သာမန်အားဖြင့် အဲဒီလိုရတာ ပေါ့။ သို့သော်လည်း လက်မှတ် ထိုးပွဲက ဘယ်လိုပုံစံဖန်တီးမလဲ ဆိုတာ မသိရသေးဘူး’’ ဟု NCA လက်မှတ်ထိုးထားသည့် ပအိုဝ်း အဖွဲ့(PNLO)ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့အကြား NCA လက်မှတ်ထိုးစဉ်က အစိုးရ ဘက်မှနိုင်ငံတော်သမ္မတ၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အပါအ၀င် အစိုးရ၊ တပ်မတော်၊ လွှတ်တော် ခေါင်းဆောင်များ လက်မှတ်ထိုးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်မှ ဥက္ကဋ္ဌ၊စစ်ဦးစီးချုပ်စသူတို့ လက် မှတ်ထိုးခဲ့သည်။

ယခု NLD အစိုးရလက်ထက် တွင် ပထမဆုံးကျင်းပသည့် NCA လက်မှတ်ရေးထိုးပွဲအခမ်းအနား သို့ ယခင်အစိုးရလက်ထက်က NCA အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင် ရွက်ခဲ့သူများ၊ သံတမန်များ၊ ယခင် NCA လက်မှတ်ထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ ကြသည့် ပြည်တွင်း၊ ပြည်ပ သက် သေများ ဖိတ်ကြားမည်ဖြစ် ကြောင်း ဦးဇော်ဌေးက ပြောကြား ထားသည်။

ထို့အပြင် NCA ထိုးမည့်ရက်ရွေးချယ်ခဲ့ခြင်းသည် ဆရာတော်များ၏ လမ်းညွှန်ချက်ကို အဓိကထားပြီးနိုင် ငံတော်အကြီးအကဲများ၏ အားလပ်မှု၊ မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထု တွေ့ဆုံပွဲများပြုလုပ်ရာတွင် အချိန်ပိုမိုရရှိရန် ရည်ရွယ်သည်ဟုလည်း နိုင်အောင်မငေးက ပြောသည်။ အစိုးရ က NCA လက်မှတ် ထိုးမည့်ရက်နှင့်ပတ်သက်၍ ဖေ ဖော်ဝါရီ ၆၊၇၊၈၊၁၈ ရက်တို့အပါ အ၀င်ခေါင်းဆောင် များ၏ အား လပ်သည့်ရက်များညှိနှိုင်းနိုင်ရန် ရွေးချယ်ရန် ပေးခဲ့ရာ NMSP က ဖေဖော်ဝါရီ ၁၃ ရက်ကိုရွေး ချယ်ခဲ့သည်။

‘‘တချို့လူတွေက ဗိုလ်ချုပ် မွေးနေ့မို့လို့ ပြောကြတာရှိတယ်။ ၁၃ ဂဏန်းမကြိုက်ဘူးလို့ပြော ကြတာတွေ လည်းရှိတယ်။ ၁၃ ရက်နေ့က ရက်ရာဇာဖြစ်တယ်။ ၁၁၊ ၁၂ က ပြဿဒါးရက်ဖြစ် တယ်။ ဒါလည်း ကျွန်တော် တို့ ကြည့်တယ်။ ဆရာတော်တွေရဲ့ လမ်းညွှန်မှုလည်းပါတာပေါ့’’ ဟု နိုင်အောင်မငေးက ပြောသည်။

NCA လက်မှတ်ထိုးပွဲသို့ လည်း ရေးမြို့ကိုရင်လေးကျောင်း ဆရာတော်အပါအ၀င် မွန်ပြည် သူများယုံကြည် အားထားသည့် ဆရာတော်ငါးပါး ပင့်ဖိတ်ထား ကြောင်း နိုင်အောင်မငေးကပြော သည်။

မွန်ပြည်သစ်ပါတီ ခေါင်း ဆောင်များအနေဖြင့် အစိုးရ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှု များကို မွန်ပြည် နယ်ရေးမြို့ရှိ ကို ရင်လေးကျောင်း၌ပင် ပြုလုပ်ခဲ့ ဖူးသည်။

7Day

 

0 comments:

Post a Comment