ကချင်လက်နက် ကိုင်အဖွဲ့ (KIO/KIA) ၏ ကချင့် တော်လှန်ရေးနေ့အခမ်းအနားတွင် ဆယ်စုနှစ်ချီပြီး တာဝန် ထမ်း ဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်များကိုKIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဂုဏ်ပြုခဲ့ပြီး စည်းလုံးည ညွတ် ရန် အဓိကထားမှာကြားခဲ့သည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
အဆိုပါအခမ်းအနားကို ဖေ ဖော်ဝါရီ ၅ ရက်က KIO ဌာနချုပ် လိုင်ဇာ၌ ကျင်းပခဲ့ပြီး စစ်မှုထမ်း သက် ၅၀ ၊ ၄၀ ၊ ၃၀ နှစ်စသည်ဖြင့် နှစ်အလိုက်တာဝန်ထမ်းဆောင်ခဲ့သူများကို ဂုဏ်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် တော်လှန်ရေးလမ်း ကြောင်းတစ်လျှောက် အသက် ပေးခဲ့သူများ၊ ကိုယ်ခန္ဓာစွန့်လွှတ် ခဲ့ရသူများ အတွက်လည်း KIO ဥက္ကဋ္ဌက အားပေးစကားပြော ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
တပ်မတော်နှင့် KIA တို့အ ကြား ၂၀၁၁ ကစ၍ တစ်ကျော့ပြန် ဖြစ်ပွားသော တိုက်ပွဲများကြောင့်နှစ်ဖက် တပ်သားအများအပြား ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ရပြီး အရပ်သားပြည်သူ တစ်သိန်း ကျော်စစ်ဘေး ဒုက္ခသည်ဘ၀ ရောက်ခဲ့ရသည်။
7Day
0 comments:
Post a Comment