Tuesday, May 22, 2018

ARSA အဖွဲ့၏ ကြမ်းကြုပ် ရက်စက်မှုများအား နိုငိငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မှ ထုတ်ဖေါ်လိုက်ပြီ


Amnesty International (AI) နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ ဗုဒ္ဓဟူးနေ့ က အသစ် ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ရခိုင်ပြည်နယ် အတွင်း အရပ်သားများကို သတ်ဖြတ်ခဲ့သူများသည် မြန်မာ တပ်မတော်သာမက ဘင်္ဂါလီ သောင်းကျန်းသူ အဖွဲ့ အာဆာလည်း ပါဝင်နေတယ်လို့ ဖေါ်ပြလိုက်ပါတယ်။

အနောက်ခါမောင်ဆယ် ကျေးရွာတွင် သြဂုတ်လ ၂၅ ရက်နေ့ က ဘင်္ဂါလီ သောင်းကျန်းသူများသည် ဟိန္ဓူ ဘာသာဝင် အမြောက်အမြားကိုသတ်ဖြတ်ခဲ့ကြကြောင်း အထောက်အထားများတွေ့ရှိလာခဲ့ကြောင်း လန်ဒန် အခြေစိုက် AI အဖွဲ့ က ဆိုပါတယ်။

ထိုအချိန်က မြန်မာ လုံခြုံရေး တပ်ဖွဲ့များက အလောင်းများ အစုလိုက် အပြုံလိုက် မြုပ်နှံခဲ့တဲ့ နေရာ နှစ်နေရာ ကို တွေ့ရှိခဲ့ကြတယ်လို့ ကြေငြာခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ် ဘက်ရောက်သွားတဲ့ အအသက်ရှင် ကျန်ရစ်သူများက ရခိုင်လူမျိုးများ သတ်ဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ပြောဆိုခဲ့ကြပါတယ်။

သို့သော်လည်း AI အဖွဲ့ က သက်သေခံအထောက်အထားများကို သေခြာစေ့ငုစွာ လေ့လာခဲ့ကြပြီး လူပေါင်းများစွာနဲ့ တွေ့ ဆုံမေးမြန်းခဲ့ကြတဲ့အပြင် သေမှူသေခင်း စစ်ဆေးတဲ့ ပညာရှင်များမှ ပုံရိပ်လွှာများ သုံးပြီး လေ့လာ ဆန်းစစ်ခဲ့ကြပါတယ်။

ထို့ အတွက် သတင်းများတွင် အရေးတယူဖေါ်ပြခြင်း မခံခဲ့ရတဲ့ ၎င်းတို့ ရဲ့ ရက်စက်ကြမ်းကြုပ်မှုများကို မီးမောင်းထိုးပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အာဆာ အဖွဲ့ ကတော့ ၎င်းတို့ရဲ့ တရားဝင်သတင်းထုတ်ပြန်ရာ လမ်းကြောင်းဖြစ်တဲ့ Twitter အကောင့်မှာ ဘာလှုပ်ရှားမှု မှာ မရှိတော့တဲ့အတွက် ပြန်လည် တုန့်ပြန်ခြင်း မရှိတာ တွေ့ရပါတယ်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ မနက် ၈ နာရီမှာ အင်္ကျီ အနက်များ ၀တ်ဆင်ပြီး သေနတ်များ ဓါးများ ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီစစ်သွေးကြွများက အနောက်ခမောက်ဆိပ်ရွာရှိ ဟိန္ဒူ ဘာသာဝင်များကို စတင်တိုက်ခိုက်ခဲ့ကြပါတယ်။

ထို့နောက် ရွာသူ ရွာသား ၆၉ ဦးအား မျက်နှာအ၀တ်စည်းထားသူများက ခေါ်ဆောင်သွားကြပြီး ထိုအထဲမှ ၅၃ ဦးကို ကွပ်မျက်ခဲ့ကြပါတယ်။ အဆိုပါ ၅၃ ဦးတွင် အသက် ၈ နှစ်အောက် ကလေး ၂၃ ဦး၊အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ၂၀ ဦး ပါဝင်ခဲ့ပါတယ်။ အမျိုးသမီး ၈ ဦး နဲ့ ကလေး ၈ ဦးသာ အသက်ရှင် ကျန်ခဲ့ပါတယ်။

တပ်မတော်မှ တန်ပြန် ထိုးစစ်ကြီး ဆင်နွှဲလာသည့်အခါ ကျန်ရှိသော အဖမ်းခံထားရသူများပါ ခေါ်ယူပြီး မိခင်ဘင်္ဂလားနယ်ထဲ ထွက်ပြေးခိုလှုံသွားခဲ့ပါတယ်။ ထိုသို့ ၎င်းတို့ နှင့် အတူခေါ်ယူသွားခြင်းမှာလည်းအစ္စလာမ်ဘာသာသို့ ကူးပြောင်းပါမည်ဟု သဘောတူ ခဲ့ကြသောကြောင့်လည်း ဖြစ်ပါတယ်။

၎င်းတို့ ကျုးလွန်ခဲ့သော လူသတ်မှုကြီးအား ရခိုင်လူမျိုးတို့ လက်ချက်ဖြစ်သည်ဟု ထွက်ဆိုကြရန် ဒုက္ခသည်စခန်းများ ရှိ ဟိန္ဒူ ဘာသာဝင်များအား ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ကြပါတယ်။ 

အသက်ရှင် ကျန်ခဲ့သူများက အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်ရောက်မှသာ ဘင်္ဂါလီ အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့တာသာ ဖြစ်တယ်လို့ တညီတညွတ်တည်း အခိုင်အမာ ပြန်လည် ထွက်ဆိုခဲ့
ကြတာ ဖြစ်ပါတယ်။ (ပုံတွင် တွေ့ရစဉ်)

ထိုနေ့ တနေ့တည်းမှာပင် အနောက်ခမောက်ဆိပ် နှင့် ရွာချင်းကပ်နေသော ရေပေါက်ကြာကျေးရွာမှ လူ ၄၆ ဦးလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ၎င်းတို့ အားလုံးလည်း အသတ်ခံခဲ့ရတယ်လို့ AI က ယူဆပါတယ်။ နောက်တရက် ဖြစ်တဲ့ သြဂုတ်လ ၂၆ ရက်နေ့ မှာ မြိုသူကြီး ကျေးရွာ မှ ဟိန္ဒူ.ဘာသာဝင် ခြောက်ဦးကို အာဆာက ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ AI ရဲ့ အစီရင်ခံစာ အသစ်မှာ ဖေါ်ပြထားပါတယ်။ ထို့ အတွက် စုစုပေါင်း ၁၀၅ ဦး ခန့် သေဆုံးခဲ့ တယ်လို့ ယုံကြည်ရပါတယ်။

နောက်ထပ် ရရှိတဲ့ သတင်းများကတော့ အဓမ္မ ပြု ကျင့်ခံရတဲ့ အမျိုးသမီးများ ယခုအချိန်တွင် မွေးဖွားရန် အချိန်ရောက်နေပြီ ဖြစ်သဖြင့် နယ်ခြားမဲ့ ဆရာဝန်များက စာရင်းကောက်ခံခဲရာ ၁၆၀ သာ တွေ့ ရှိခဲ့ရပြီး ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ကို တိုင်ကြားထားတဲ့ အမှူပေါင်းက ၁၃,၅၀၀ ဖြစ်ပါတယ်။

ဒဒုက္ခသည် စခန်းများအတွင်း ၂၀၁၈ တွင် ကလေး ငါးသောင်းခန့် တိုးပွားလာဖွယ် ရှိတယ်လို့ ခန့် မှန်းနေကြပါတယ်။ 

ကိုးကား။ ။ AP / The Washington Post /
Aljazeera
Hla Soewai

0 comments:

Post a Comment