Monday, June 4, 2018

ပထမဆုံး ထရန့် - ကင် ထိပ်သီးဆွေးနွေးပွဲကို ဇွန် ၁၂ ရက် မနက် ၉ နာရီတွင် စင်ကာပူ၌ ပြုလုပ်မည်ဟု အိမ်ဖြူတော် ကြေညာ


သမ္မတဒေါ်နယ်ထရန့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ရဲ့  ပထမဆုံးအကြိမ် တွေ့ ဆုံမှုကို စင်ကာပူနိုင်ငံမှာ ဇွန် ၁၂ ရက် မနက် ၉ နာရီမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ဇွန် ၁၂ ရက်နေ့ မှာ ကြေညာခဲ့ပါတယ်။ 

“သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ရဲ့  ဇွန် ၁၂ ရက် ထိပ်သီးအစည်းအဝေးအတွက် ကျွန်တော်တို့  တက်တက်ကြွကြွ ပြင်ဆင်နေခဲ့တာပါ” လို့  အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်ဒါးစ်က အစည်းအဝေးအချိန်ဇယားနဲ့ ပတ်သက်လို့  ကြေညာခဲ့ရာမှာ ပြောဆိုခဲ့ပါတယ်။

ထိပ်သီးအစည်းအဝေးအတွက် စစ်ဘက်၊ လုံခြုံရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာနဲ့  ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေပါဝင်တဲ့ ရှေ့ ပြေးအဖွဲ့ တစ်ခု စင်ကာပူမှာ ရောက်ရှိနေခဲ့ပြီဖြစ်ကြောင်းလည်း ဆန်ဒါးစ်က ပြောဆိုပါတယ်။ ယင်းအဖွဲ့ ဟာ အစည်းအဝေးအတွက် အပြီးသတ်ပြင်ဆင်မှုတွေ လုပ်နေကြတာဖြစ်ပြီး ထိပ်သီးအစည်းအဝေး စတင်ချိန်အထိ စင်ကာပူမှာ ရှိနေကြရမှာလို့ ဆိုပါတယ်။ သမ္မတထရန့် အနေနဲ့  သူ့ ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ ထံကနေ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အစီရင်ခံမှုတွေ နေ့စဉ်ရရှိနေတယ်လို့ လည်း ဆန်ဒါးစ်က ပြောပါတယ်။ 

ကမ္ဘာမှာ အကြီးမားဆုံးသဘောတူညီမှုရယူနိုင်ခဲ့သူ  ဖြစ်လာမယ်လို့ ထရန့် က အခိုင်အမာကြွေးကြော်ထားသော်ငြား ကျွမ်းကျင်သူတွေကတော့ ထရန့် ဟာ မြောက်ကိုရီးယားအရေး၊ လက်နက်ထိန်းချုပ်ရေး သို့မဟုတ် နိုင်ငံတကာဒီပလိုမေစီတွေနဲ့ ပတ်သက်လို့  များများစားစား သိနားလည်ထားသူမဟုတ်တာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ 

တစ်ချိန်တည်းမှာပဲ စင်ကာပူ ရှန်ဂရီလာဟိုတယ်ဝန်းကျင်တစ်ဝိုက်ကို ထိပ်သီးအစည်းအဝေးအတွက် အထူးအခမ်းအနားဧရိယာအဖြစ် စင်ကာပူ အစိုးရက ထုတ်ပြန်ခဲ့ကာ လုံခြုံရေးတင်းတင်းကျပ်ကျပ် စိစစ်သွားမယ်လို့  အများပြည်သူကို အသိပေးခဲ့ပါတယ်။



ကိုလင်း  (အကုန်သိ သတင်းဌာန)
Ref: CNA 

0 comments:

Post a Comment