Monday, June 4, 2018

ယခင်အစိုးရဝန်ကြီးများစီးနင်းသည့်ကားများ တရုတ်ကိုယ်ထည်နှင့်ဂျပန်အင်ဂျင်အဟောင်းများပေါင်းစပ်ထုတ်လုပ်ထားဟု စီမံဘဏ္ဍာဝန်ကြီးပြော


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများစီးနင်းလျှက်ရှိသည့်ကားမျာသည့် ယခင်အစိုးရလက်ထက်ဝန်ကြီးများစီးနင်းသည့်ကားများဖြစ်ပြီး တရုတ်ကိုယ်ထည်နှင့် ဂျပန်အင်အင်အဟောင်းများပေါင်းစပ်ထုတ်လုပ်ထားသည့် ကားများဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
''ကားရဲ့ကိုယ်ထည်က တရုတ်နိုင်ငံလုပ်ကားကိုယ်ထည်များဖြစ်ပြီး အင်ဂျင်များကတော့ ဂျပန်အင်ဂျင်အဟောင်းများကို ပေါင်းစပ်ပြီးထုတ်လုပ်တဲ့ကားတွေဖြစ်ကြောင်းသိရပါတယ်''ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

၎င်းကားများသည် ၂၀၁၀ခုနှစ်တွင် အမှတ်(၂)စက်မှုဝန်ကြီးဌာန ကထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၃စီးသာစီနင်းနိုင်ပြီး ကျန် ၉စီးခန့်မှာ စီးနင်း၍မရကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

ဇွန် ၄ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးပို့သည့် ''၂၀၁၈-၂၀၁၉ခုနှစ် ၊ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း(လျာထားချက်) နှင့်စပ်လျဉ်း၍လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးခဲ့မှုအပေါ် တိုင်းဒေသကြီးအဆင့်ဖွဲ့စည်းဝင်မှပြန်လည်ရှင်းလင်းရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦး မြင့်သောင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၄င်းကားများစီးနင်းမရသည့်အတွက်ပြုပြင်စီးနင်းသော်လည်း ပြင်ဆင်စရိတ်၏တစ်နှစ်တာကုန်ကျစရိတ်သည် ငွေကျပ် ၁၀သိန်းမှ ၁၈သိန်းအထိရှိကြောင်းနှင့်ထိုသို့ကုန်ကျစရိတ်များ အပြင် သက်ဆိုင်ရာဝန်ကြီးများတစ်နေရာနှင့်တစ်နေရာသွားသည့်အခါမအန္တရာယ်ကင်းစွာဖြင့်သွားလာနိုင်ရန်အတွက်ဝယ်ယူဖို့စီစဉ်ခြင်းဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

''သက်ဆိုင်ရာဝန်ကြီးများတစ်နေရာနှင့်တစ်နေရာသွားတဲ့အခါမှာ အန္တရာယ်ကင်းစွာဖြင့်သွားလာနိုင်ဖို့အတွက်ကို ဝယ်ယူဖို့စီစဉ်ခြင်းဖြစ်ပါတယ်''ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်း ကပြောကြားသည်။

ထို့ကြောင့်၂၀၁၈-၂၀၁၉ခုနှစ်၊ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်း ခြေငွေစာရင်း(လျာထားချက်)တွင် တိုင်းအစိုးရအနေဖြင့် Ford Everest ကားဝယ်ယူရန်ထည့်သွင်းခြင်းဖြစ်ကြောင်းလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

The Fifth Wave News

0 comments:

Post a Comment