Monday, June 4, 2018

" အခွန်​ကြီးပဲ​ကောက်​မ​နေပါနဲ့၊အခွန်​လဲ​ကောက်သလို လုပ်​ငန်းရှင်​​တွေ လုပ်​သာကိုင်​သာရှိ​အောင်​လို့ ဖြစ်​​အောင်​လဲ စီစဉ်​​ပေးပါ " ဟု ဆန်စက်အသင်းဥက္ကဌ တောင်းဆို


အစိုးရအ​နေဖြင့်​ အခွန်​​လည်း​ကောက်​သလို လုပ်​ငန်းရှင်​​များ လုပ်​သာကိုင်​သာရှိ​အောင်​လည်း စီစဉ်​​ပေးပါဟု မြန်​မာနိုင်​ငံဆန်စက်​လုပ်​ငန်းရှင်​များအသင်း ဥက္ကဋ္ဌ ဦး​နေလင်းဇင်​က​ပြောသည်​။
ပြည်​တွင်း၌ ဆန်​စက်လုပ်​ငန်းလုပ်​ကိုင်​ရာတွင်​ ဌာန​ပေါင်းစုံသို့ ​ထောက်​ခံစာများစွာ သွား​​ရောက်​ယူ​ဆောင်​​နေရသည်​အတွက်​ အခက်​အခဲများစွာရှိ​​နေပြီး အစိုးရအဖွဲ့အစည်းများအ​နေဖြင့်​ ဥပ​ဒေနှင့်​အညီ အကာအကွယ်​ပေးရမည့်​ လုပ်​ငန်းများစွာရှိ​သည်​ဟုဆိုသည်​။

"အစိုးရအဖွဲ့အစည်း​တွေ ကိုယ်​တိုင်​က ဥပ​ဒေနဲ့ အညီ အကာအကွယ်​​ပေးရမယ့်​ လုပ်​ငန်း​တွေရှိတယ်​။အဲ့လိုလုပ်​ငန်း​တွေကို အစိုးရအ​နေနဲ့ အကာအကွယ်​​ပေးနိုင်​ပြီလား ၊မ​ပေးနိုင်​​သေးရင်​ ​ပေးနိုင်​ဖို့ကြိုးစားပါ။အစိုးရအ​နေနဲ့ အခွန်​ကြီးပဲ​ကောက်​မ​နေပါနဲ့ ၊အခွန်​လဲ​ကောက်​သလို လုပ်​ငန်းရှင်​​တွေ လုပ်​သာကိုင်​သာရှိ​အောင်​လို့ ဖြစ်​​အောင်​လဲ စီစဉ်​​ပေးပါ။" ဟု ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်မှုကို ဦးနေလင်းဇင် က ပြန်လည်ဖြေကြားသည်။

ထိုသို့ဥပ​ဒေနှင့်​အညီ အ​ရေးယူမည့်​အဖွဲ့အစည်းများအ​နေဖြင့်​ မည်​သည့်​ဆန်​စက်​များသည်​ မည်​သည့်​ဥပ​ဒေ​အောက်​တွင်​ရှိခြင်းနှင့့်  မည်​သည့်​ဥပ​ဒေနှင့်​အ​ရေးယူမည်​ကို သိရှိရန်​လို​ကြောင်း ၎င်းက​ပြောသည်​။

အိမ်​နီးချင်းနိုင်​ငံ​များနှင့်​ယှဉ်​ပြိုင်​နိုင်​သည့်​ အခင်းအကျင်းများဖြစ်​​အောင်​ မူဝါဒ​များ ၊ စာရွက်​စာတမ်းများ ၊လုပ်​ငန်းလိုင်​စင်​​များ စသည်လုပ်​ငန်း​များကို ယင်းနိုင်​ငံများနှင့်​ တူညီသည့်​ အ​နေအထားတစ်​ခုကို ​ဆောင်​ရွက်​​ပေးရန်​​ တောင်းဆိုလိုသည်​ဟုဆိုသည်​။

ဒီကဏ္ဍနဲ့ပတ်​သက်​တဲ့ စီမံဘဏ္ဍာဝန်​ကြီး​ရော ကဏ္ဍနဲ့သက်​ဆိုင်​ရာဝန်​ကြီး​တွေက​ရော ဒီကဏ္ဍနဲ့လုံးဝထိ​တွေ့ခြင်းမရှိဘူး ။အစိုးရသက်​တမ်း ၂နှစ်​သာ​ကျော်​လာတယ်​။လုံးဝထိ​တွေ့ခြင်းမရှိတဲ့အတွက်​ ဆန်​စက်​လုပ်​ငန်းရှင်​​တွေအ​နေနဲ့ ဘယ်​သူ့ကိုတင်ပြရမလဲဆိုတာ မသိဘူးဖြစ်​​နေတယ်​။ နစ်​နာမှုတွေ ရှိပါတယ်။"ဟု ဦး​နေလင်းဇင်​က​ပြောသည်​။

မြန်​မာနိုင်​ငံတွင်​ ဆန်​စက်​​ပေါင်း ၁၆၅၀၀ ရှိပြီး တချို့ဆန်​စက်​လုပ်​ငန်းများမှာ ကြိတ်​ခွဲလိုင်​စင်​၊ စက်​မှုလိုင်​စင်​၊ စည်​ပင်​လိုင်​စင်​ စသဖြင့်​ လုပ်​ငန်းလိုင်​စင်​ကို အနည်းဆုံး ၄ခု ခန့်​ယူ​နေရကာ ယင်းကဲ့သို့ လိုင်​စင်​ယူ​​ဆောင်​ရာ၌ ဌာန​ပေါင်းစုံသို့ သွား၍ ​ထောက်​ခံစာများစွာ ယူ​ဆောင်​​နေရသည့်​အတွက်​ လုပ်​ငန်းရှင်​များအ​နေဖြင့်​ အခက်​အခဲများရှိ​သည်​ဟုဆိုသည်​။

ရန်​ကုန်​တိုင်းအတွင်း ဥပဒေနှင့်အညီ လည်ပတ်မှုမရှိသော ဆန်စက် များကို ကွင်းဆင်းလေ့လာပြီး အရေးယူရန် စီစဉ်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းမှ ​​မေလတတိယပတ်​က ပြု လုပ်​သည့်​ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၊ဒုတိယအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး တွင်​ပြောကြားထားသည်​။

ပြည်သူများခံစားနေရသည့်အခြေအနေများအား မြို့တော်စည်ပင်သာယာရေးအဖွဲ့များ၊ ကြီးကြပ်သည့်တိုင်းစည်ပင်သာယာရေးဦးစီးဌာနကို သက်ဆိုင်ရာဆန်စက်များသို့ကွင်းဆင်းလေ့လာ​စေပြီး အရေးယူဆောင်ရွက်သွားရန် စီစဉ်မည်ဟုဆိုသည်​။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၊ဒုတိယအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၅)ရက်မြောက်နေ့၌ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူမှ ပြည်သူတွေအတွက်နှင့် ဂေဟ စနစ်အတွက် ဆိုးကျိုးများဖြစ်ပေါ်နေပြီး ဥပဒေနှင့်အညီ လည်ပတ်မှုမရှိသော ဆန်စက်များကို မည်ကဲ့သို့အရေးယူဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးခွန်းနှင့်​ ပတ်သက်ပြီး စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

"မြို့​တော်​စည်​ပင်​ကလုပ်​ငန်း လိုင်​စင်​​ပေးတာပဲရှိတယ်​။ စစ်​ကမှာက စက်​မှုကြီးကြပ်​က စစ်​ရမှာပါ။ တကယ်​လို့ ပါရင်​လဲ အဖွဲ့ဝင်​အ​နေနဲ့ပဲပါမှာပါ။အခုထိ​တော့ ဖွဲ့​ပေးမထား​သေးဘူး။စည်​ပင်​ကိုလဲ သီးခြားတာဝန်​​ပေးထားတာမရှိ​သေးဘူး။"ဟု ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီမှ တွဲဖက်​အတွင်း​ရေးမှူး ဦးသန်းက​ပြောသည်​။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆန်စက်လုပ်ငန်းများအား တစ်နှစ်လျှင် တစ်ကြိမ် နှစ်စဉ် လုပ်ငန်းလိုင်စင်ထုတ်ပေးလျှက်ရှိပြီး လုပ်ငန်းလိုင်စင်၏ သက်တမ်းမှာ ဧပြီလ (၁)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင် ဆန်စက်ပတ်ဝန်းကျင်နေထိုင်သူများ၏ ဆန်စက်လုပ်ငန်းလုပ်ကိုင်မှုအား ကန့်ကွက်ရန်​ ​မရှိ​ကြောင်း ​ထောက်ခံချက်၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်များဖြင့် ပြည့်စုံစွာတင်ပြလာမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း ဖြစ်ကြောင်းသိရသည်​။

ဆန်စက်လုပ်ငန်းအား လိုအပ်သော စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံစွာတင်ပြလာ၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်စဉ်အတွင်း သတ်မှတ်စည်းကမ်း ချိုးဖောက်ပါက လုပ်ငန်းအား ရပ်ဆိုင်ထားစေခြင်း၊ ပိတ်သိမ်းစေခြင်း၊ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်အား ပြန်လည်ရုပ်သိမ်း ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေ​ဝေဖြိုး
The Fifth Wave News

0 comments:

Post a Comment