Monday, June 4, 2018

တင်ဒါမခေါ်ဘဲ လုပ်ခွင့်ပြုထားသည့် ဒေါ်လာ ၅ ဘီလီယံတန် စီမံကိန်း ၄ ခုကို မေးခွန်းထုတ်


တင်ဒါခေါ်ယူခြင်းမရှိဘဲ လက်ရှိအစိုးရက လုပ်ပိုင်ခွင့်ပြုထားတဲ့ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်တန်ဖိုးရှိ စီမံကိန်းလေးခုကို ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။


အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါဒေါ်ယူခြင်းမရှိဘဲ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့် ပြုလိုက်တဲ့စီမံကိန်း ၄ ခုရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံေ ကျာ်တန်ဖိုးရှိတယ်လို့ မေးခွန်းရှင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်က ဆိုပါတယ်။

ဒါ့အပြင် တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့တဲ့ စီမံကိန်းတွေကို အန်အယ်လ်ဒီ အစိုးရတက်လာတုန်းက  ဖျက်သိမ်းခဲ့သလို နောက်တက်လာမယ့် အစိုးရကလည်း အခုစီမံကိန်း ၄ ခုကို ပိတ်သိမ်းတာတွေ လုပ်ဆောင်လာနိုင်ပြီး ဒီလိုလုပ်ဆောင်မယ်ဆိုရင် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မေးခွန်းထုတ်ရတာလို့ပြောပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က “စီမံကိန်း လေးခုလုံးဟာ သက်ဆိုင်ရာကုမ္ပဏီတွေက အဲဒီဒေသတွေမှာ သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်တဲ့ စက်ရုံတွေ တည်ဆောက်ချင်တယ်လို့ တင်ပြလာတဲ့အတွက် တင်ဒါခေါ်ယူဖို့ မလိုဘဲ ခွင့်ပြုနိုင်တယ်လို့ အစိုးရအဖွဲက ဆုံးဖြတ်တာကြောင့်  ခွင့်ပြုပေးခဲ့တာဖြစ်တယ်”လို့ ဖြေကြားသွားပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်း ၆ ခုမေးမြန်းဖြေဆိုခဲ့ပြီး Mobile Payment စနစ်ကျင့်သုံးနိုင်ရေးနဲ့ ပတ်သက်တဲ့ အဆိုတစ်ခု ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း တစ်ခုတင်သွင်းပြီး လွှတ်တော်ရဲ့ အတည်ပြုချက် ရယူခဲ့ပါတယ်။

DVB

0 comments:

Post a Comment