Thursday, November 1, 2018

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပုဂ္ဂလိကရှယ်ယာ ၁၅ ရာခိုင်နှုန်းအတွက် မြန်မာကုမ္ပဏီ ၅၀ ကျော် ရင်းနှီးမြှုပ်နှံမည်



ကျောက်ဖြူအထူးစီးပွား ရေးဇုန်စတင်ရန် ပုဂ္ဂလိကမြန်မာ ကုမ္ပဏီ ၅၀ ကျော်ပါဝင်ရင်းနှီး မြှုပ်နှံရန်ရှိပြီး ရှယ်ယာ ၁၅ ရာခိုင် နှုန်းပါဝင်ခွင့်ရှိမည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင် ထူးက ပြောသည်။ 
ကျောက်ဖြူအထူးစီးပွားရေး ဇုန်အတွက် မြန်မာဘက်က ၃၀ ရာခိုင်နှုန်းနှင့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီတို့ကရှယ်ယာ ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အဆို ပါကုမ္ပဏီများက မြန်မာဘက်မှ ရရှိထားသည့်ရှယ်ယာ ၃၀ ရာ ခိုင်နှုန်းတွင်ပါဝင်ရမည်ဖြစ်သည်။ 

‘‘ကျွန်တော်တို့ရတာက ၃၀ ရာခိုင်နှုန်းပေါ့။ အစိုးရက ၁၅ ရာ ခိုင်နှုန်းယူထားမယ်။ ပြီးကျတော့ ပုဂ္ဂလိကကဏ္ဍပေါ့နော်။ အစိုးရ ကနေ အသိအမှတ်ပြုတဲ့ပုဂ္ဂလိက ကုမ္ပဏီတွေရှိပါတယ်။ အဲဒီ ကုမ္ပဏီတွေရဲ့ အုပ်စုပေါ့နော်။ ကျောက်ဖြူဖွံ့ဖြိုးတိုးတက်ရေးလို ဟာမျိုးပေါ့’’ ဟု ဦးအောင်ထူးက ပြောသည်။ 

ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံကိန်းအကောင်အထည် ဖော်ရန် မူဘောင်သဘောတူညီမှု (Framework Agreement)ကို နိုဝင်ဘာ ၈ ရက်တွင်လက်မှတ် ရေးထိုးမည်ဖြစ်သည်။ ၂ နှစ်ခွဲ ကျော်ကြာညှိနှိုင်းပြီးနောက် မြန် မာအစိုးရနှင့်တရုတ်ကုမ္ပဏီကြား ကျောက်ဖြူအထူးစီးပွားရေးဇုန် ကို အဆင့်လေးဆင့်ဖြင့်အကောင် အထည်ဖော်ရန် သဘောတူခဲ့ သည်။ 

စီမံကိန်း တစ်ခုလုံးသည် ကန်ဒေါ်လာခုနစ်ဘီလီယံတန်ဖိုး ရှိပြီး ပထမအဆင့်ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန် စီမံကိန်း စတင်မည်ဖြစ်သည်။ 

စီမံကိန်းတစ်ခုလုံးအတွက် မြန်မာနိုင်ငံဘက်က ထည့်ဝင်ရ မည့်ငွေကြေးသည် ကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရှိသည်ဟု ဦး အောင်ထူးက ပြောသည်။ 

သီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် ပါ ၀င်သည့် MTSH ကုမ္ပဏီက ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပါဝင်ရန်ဖြစ်နိုင်ခြေရှိ၊ မရှိလေ့ လာရန် ဆန်းစစ်နေသည်ဟု အဆိုပါကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။ 

‘‘ကျွန်တော်တို့ရဲ့အောင်မြင် ခဲ့တဲ့အတွေ့အကြုံတစ်ခုဖြစ်တဲ့ သီလ၀ါအထူးစီးပွားရေးဇုန်ဖော် ထုတ်ခဲ့တာနဲ့အလားသဏ္ဌာန်တူ ရင်းနှီးမြှုပ်နှံမှုပုံစံတစ်ခု ဖြစ်လာ နိုင်ပါတယ်’’ ဟုဦးဝင်းအောင်က ပြောသည်။ 

ဦးသိန်းစိန်အစိုးရ လက် ထက်တွင် ၂၀၁၅ က တရုတ်အစိုး ရရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CITIC က ယင်းဇုန်ကို လုပ်ကိုင်ခွင့်ပေးအပ် ခဲ့သည်။ ထိုအချိန်က မြန်မာဘက် က ရှယ်ယာ ၁၅ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။ 

ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ OBOR (ရပ်ဝန်းတစ်ခု၊ လမ်း ကြောင်းတစ်ခု)၏ အဓိကကျ သည့် အစိတ်အပိုင်းဖြစ်ပြီး ရခိုင် ပြည်နယ်ဖွံ့ဖြိုးမှုနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ထွက်ပေါက် ဖြစ်သည်။ 

ထိုစီမံကိန်းသည် အိန္ဒိယ သမုဒ္ဒရာဘက် မျက်နှာမူထား သော ကျောက်ဖြူမြို့၌ အထူးဇုန် တစ်ခုဖန်တီးရန်ဖြစ်သည်။ မြန်မာ နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ် လာမည့် ယင်းစီမံကိန်းလျာထား မှုတွင် ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအ နီးဟက်တာ ၁,၀၀၀ ကျယ်သော စက်မှုဇုန်တစ်ခု ပါဝင်မည်ဖြစ် သည်။


7Day

0 comments:

Post a Comment