Thursday, November 1, 2018

ဇေကမ္ဘာကုမ္ပဏီ မြို့နယ်ငါးခုတွင် လမ်းအသုံးပြုခ ကောက်ခံခွင့် ရပ်ဆိုင်းခံရ

ဇေကမ္ဘာကုမ္ပဏီအုပ်စုက BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း)စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် မြို့နယ်ငါးခုရှိ လမ်းများတွင် လမ်းအသုံးပြုခ ကောက်ခံခြင်းများကို အောက်တိုဘာ ၃၁ ရက် ည ၁၂ နာရီတွင်စတင်ရပ်ဆိုင်းရန် ဆောက်လုပ် ရေးဝန်ကြီးဌာနက ညွှန်ကြားစာ ထုတ်ပြန်သည်။ 
လမ်းများ ဖောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် မကိုက်ညီ၍ ရပ်ဆိုင်းခြင်းဖြစ်ပြီး ကုမ္ပဏီကို အကြောင်းကြားထား သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန လမ်းဦးစီးဌာနအရာရှိတစ်ဦး က ပြောသည်။ 

‘‘လျာထားတဲ့အတိုင်း လမ်း တွေမပြီးတော့ လွှတ်တော်ကိုယ် စားလှယ်၊ ဝန်ကြီးချုပ်တို့ အစည်း အဝေးလုပ်ပြီးတော့ အမြန်ပြီးစီး အောင် ညွှန်ကြားတယ်။ နောက်ပိုင်း လုပ်တာအားနည်းလာတော့ ပြည်ထောင်စုအစိုးရထံ တင်ပြီး အခုလို ရပ်တန့်လိုက်တာ’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ 

ဇေကမ္ဘာကုမ္ပဏီသည် စုစု ပေါင်း ၅၆ မိုင်ကို လုပ်ကိုင်ခွင့်ရ ခြင်းဖြစ်ပြီး လမ်းအသုံးပြုခ ရပ်ဆိုင်းခံရသည့် မြို့နယ်များမှာ တွံတေး၊ ဒလ၊ ကော့မှူး၊ လှိုင်သာယာနှင့် ကွမ်းခြံကုန်းမြို့နယ် တို့ဖြစ်သည်။ 

အကယ်၍ ကုမ္ပဏီက လမ်းများပြင်ဆင်ပြီးပါက ငွေပြန်လည် ကောက်ယူခွင့်ရရှိမည်ဖြစ်ပြီး အ ခြေအနေကို ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက တတိယအဖွဲ့အစည်းတစ်ခုနှင့် စစ်ဆေး မည်ဟု အထက်ပါအရာရှိက ပြောသည်။ 

လမ်းပိုင်းများ ငွေကောက်ခံမှု ရပ်ဆိုင်းခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီသို့ အကြောင်းကြားစာ မရောက်သေးကြောင်းနှင့် လက်ရှိ အချိန်ထိ ငွေကြေးကောက်ခံနေ ဆဲဖြစ်ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

လမ်းအသုံးပြုမှုခ ကောက်ခံခွင့် ရပ်ဆိုင်းခြင်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးမှုကို ရရှိထားပြီး လမ်းအသုံးပြုခများ လတ်တလောပေးဆောင် ရန် မလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောသည်။

7Day

0 comments:

Post a Comment