Thursday, November 1, 2018

နေပြည်တော်တွင် ကြံ့ခိုင်ရေးပါတီက ဆန်နှင့် ဆီများ ဈေးလျော့ရောင်းချ



နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ကြိမ်အင်း၊ ရွာသာ၊ ဇီကုန်းနှင့် ရွာသစ်ကျေးရွာတို့တွင် ယနေ့ နံနက် ၇ နာရီခွဲမှ ၁၂ နာရီခန့်အထိ ဆန်နှင့် ဆီများကို ပုံမှန်ဈေးထက် လျော့ချရောင်းချပေးခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထံမှ သတင်းရရှိသည်။ 

နေပြည်တော် ပျဉ်းမနားမြို့နယ်အပြင် ဥတ္တရသီရိမြို့နယ်၊ ဗုဗ္ဗသီရိမြို့နယ်များတွင်လည်း ရောင်းချမှုများရှိခဲ့ကြောင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်နေချိန်တွင် ပြည်သူများ၏ အခက်အခဲများ အထိုက်အလျောက် ပြေလည်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ မနောသုခဆန်တပြည် ပြင်ပပေါက်ဈေး ကျပ် ၁၃၀၀ ကို ကျပ် ၁၂၀၀ ဖြင့်လည်းကောင်း၊ ဆီ ၁ ဗူး ပြင်ပတွင် ၁၂၀၀ ကျပ်ကို ၁၁၀၀ ဖြင့်လည်းကောင်း ရောင်းချပေးနေကြောင်း ကြံ့ခိုင်ရေးပါတီ ပျဉ်းမနားမြို့နယ် ဥက္ကဌ ဒေါ်ဝင်းဝင်းသီက ပြောသည်။ 

ပျဉ်းမနားမြို့ရှိ ကျေးရွာများတွင် လဆန်း ၁၀ ရက်နေ့အထိ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ဝယ်ယူသူရှိသလောက် အကန့်အသတ် မရှိ ရောင်းပေးမည် ဖြစ်ကာ ကားဆီဖိုးနှင့် လုပ်အားခကို ပါတီက စိုက်ထုတ်ချခံပေးခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲရရှိရန် လုပ်ဆောင်နေခြင်းလည်း မဟုတ်ကြောင်း ၄င်းတို့က ပြောဆိုခဲ့သည်။ 










ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ

0 comments:

Post a Comment