Thursday, November 29, 2018

မင်းလှမြို.နယ်၊ ရန်ကုန်-ပြည်ကားလမ်းတွင် ဆိုင်ကယ်များဖြင့် တရားမ၀င် ကျွန်းသစ်ခိုးထုတ်မှုအား ဖမ်းဆီးရမိ


မင်းလှမြို.နယ်၊ ရန်ကုန်-ပြည်ကားလမ်းတွင် ဆိုင်ကယ်များဖြင့် တရားမ၀င် သစ်ခိုးထုတ်မှုအား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ် စုံစမ်းရှာဖွေ ဖော်ထုတ်ခြင်း ဆောင်ရွက်ခဲ့ရာ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၂/၄)အနီးတွင် နံပါတ်မပါ LUOJIA ဆိုင်ကယ်(၃)စီးနှင့်အတူ တရားမဝင် ကျွန်းခွဲသား (၂၀)ချောင်း (၀.၇၆၈၀)တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဖမ်းဆီးရမိသစ်များ/ဆိုင်ကယ်များနှင့် ဆက်စပ် ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ 

The Ladies News

0 comments:

Post a Comment