Thursday, November 1, 2018

အီးယူက ကုန်သွယ်မှုအခွင့်အရေးပေး၊ မပေး လာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဟုဆို


ဥရောပသမဂ္ဂသည် မြန်မာအပေါ်ပေးအပ်ထားသော ကုန်သွယ်မှုအထူးအခွင့်အရေး(GSP) ပြန်လည်ရုပ်သိမ်းခြင်းပြု၊ မပြု လာမည့်ခြောက်လနောက်ပိုင်းမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနှင့် စီး ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးချမ်းအေးက ပြောကြားသည်။ 
အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦး ကျော်တင်ခေါင်းဆောင်သည့် မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဥရောပသမဂ္ဂကုန်သွယ်မှုအခွင့် အရေးစိစစ်လေ့လာရေးအဖွဲ့တို့ အောက်တိုဘာ ၃၀ ရက်တွင် နေပြည်တော်၌သုံးနာရီခွဲခန့်ကြာ အပြန်အလှန်ဆွေးနွေးပြီး မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှု အခြေအနေများကို စောင့်ကြည့်မည်ဟုဆိုသည်။ 

‘‘ကျွန်တော့်ဆီမှာတွေ့ရှိ တာတွေကို ဟိုဘက်(ဥရောပ သမဂ္ဂကော်မရှင်)မှာ ပြန်တင်ပြ တာတွေ၊ဘာတွေနဲ့အဲဒါအချိန်ယူ ဦးမှာ’’ ဟု ဦးချမ်းအေးက ပြော သည်။ 

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေ သည်ဟု စွပ်စွဲချက်ဖြင့်ဥရောပ သမဂ္ဂက ၎င်းတို့ပေးအပ်ထား သည့်ကုန်သွယ်ရေးဆိုင်ရာအထူး အခွင့်အရေး ပြန်လည်ရုပ်သိမ်း နိုင်ဖွယ်ရှိသည့်အခြေအနေကို အ စိုးရတာဝန်ရှိသူများအားဆွေးနွေး ခဲ့ပြီး ၀န်ကြီးဦးကျော်တင်ကလက် ရှိဆောင်ရွက်နေမှုများနှင့် တိုး တက်မှုအခြေအနေများကို ပြန် လည်ရှင်းပြသည်ဟု ၎င်းကဆို သည်။ 

ထို့အပြင် ၀န်ကြီးဦးကျော် တင်သည် ဥရောပသမဂ္ဂကရုပ် သိမ်းမှုများပြုလုပ်ပါက အခြေခံ လူတန်းစားများ၊ အမျိုးသမီးများ၊ လူငယ်များ၊ ရွှေ့ပြောင်းအလုပ် သမားများစသည်တို့ကို ထိခိုက် မည်ဟု ပြောကြားကြောင်းအ ထက်ပါညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။ 

‘‘သူတို့အနေနဲ့ကလည်း အ ခြေအနေကိုသိတယ်။ ကျွန်တော် တို့အစိုးရရဲ့ပူးပေါင်းဆောင်ရွက် မှုကိုလည်း အသိအမှတ်ပြုတယ်’’ ဟု ၎င်းကဆိုသည်။ 

ဥရောပသမဂ္ဂကုန်သွယ်ရေးဆိုင်ရာအခွင့်အရေးစိစစ်လေ့လာ ရေးအဖွဲ့သည် ယမန်နေ့(အောက် တိုဘာ ၃၁ ရက်)တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနအပါအ၀င် နေပြည်တော် ရှိ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် အချို့နှင့် တွေ့ဆုံခဲ့သည်။ 

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန် ကြီးဦးအောင်ထူးနှင့် တွေ့ဆုံရာ တွင် ကုန်သွယ်ရေးဆိုင်ရာအထူး အခွင့်အရေးဆိုင်ရာကိစ္စကို အ သေးစိတ် ဆွေးနွေးခြင်းမရှိ ကြောင်းနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အဓိ ကဆွေးနွေးခဲ့ကြောင်း အဆိုပါ ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။ 

‘‘သိပ်ထူးခြားမှုမရှိပါဘူး။ ပူး ပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးတယ်။ အမြင်ချင်း ဖလှယ်တာတွေရှိတယ်။ ကုန် သွယ်မှုဆိုင်ရာကိစ္စတွေကို အမြင် ချင်းဖလှယ်တဲ့အခြေအနေပါ’’ ဟု ၎င်းကရှင်းပြသည်။ 

အောက်တိုဘာ ၃၀ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ် သောဆွေးနွေးမှုတွင် အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဦးကျော်တင်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန် ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန် ကြီးဌာန၊ ပြည်ထောင်စုအစိုးရအ ဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စက်မှုဝန် ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာ န၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ မှ တာဝန်ရှိပုဂ္ဂိုလ်များတက် ရောက်ခဲ့သည်။ 

ယင်းတွေ့ဆုံမှုတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုစွပ် စွဲချက်များနှင့်ပတ်သက်၍ တာ ၀န်ခံမှုကိစ္စ၊ ကုလသမဂ္ဂအဖွဲ့အ စည်းများနှင့်ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးကိစ္စ၊ ရခိုင်၊ ကချင် နှင့်ရှမ်းပြည်နယ်တို့၌ လူသားချင်း စာနာထောက်ထားမှု အကူအညီ ချောမွေ့စွာပေးအပ်နိုင်ရေးကိစ္စ နှင့် နေရပ်စွန့်ခွာသူများ၏ လူနေ မှုအခြေအနေများ တိုးတက် ကောင်းမွန်ရေး ဆွေးနွေးခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။ 

ဆက်လက်၍ တစ်ဖက်နိုင်ငံ ရောက်နေရပ်စွန့်ခွာသူများကိုယ် ပိုင်ဆန္ဒဖြင့် လုံခြုံကောင်းမွန်စွာ ပြန်လာနိုင်စေရန် အခြေအနေ ကောင်းများ ဖန်တီးရေး၊ လူမှုအ သိုင်းအ၀ိုင်းများအကြား သဟဇာ တရှိစွာပေါင်းစည်းနေထိုင်ရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အလုပ်သမားအခွင့်အရေး ကာ ကွယ်မြှင့်တင်ရေးကိစ္စတို့နှင့်ပတ် သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက် ၌ ဖော်ပြသည်။ 

ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာအစိုးရနှင့် နိုင်ငံတ ကာ အသိုင်းအ၀ိုင်းအကြား ဆက် ဆံရေးနှင့်ပတ်သက်၍ လိုအပ် သည့် အကူအညီပေးရန် အသင့် ရှိသော်လည်း ပူးပေါင်းဆောင် ရွက်မှု အားနည်းမှုများရှိပါကကုန် သွယ်မှု အထူးအခွင့်အရေးကို ရုပ် သိမ်းနိုင်သည့် အလားအလာရှိ ကြောင်း အထက်ပါ စိစစ်လေ့လာ ရေးအဖွဲ့၏ လေးရက်ကြာ မြန်မာ နိုင်ငံ ခရီးစဉ်အပြီး ယမန်နေ့ (အောက်တိုဘာ၃၁ရက်) တွင်ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် စိစစ်လေ့လာရေးအဖွဲ့၏ တွေ့ရှိချက်များကို ပထမဦးစား ပေးအဖြစ် အီးယူကလေ့လာဆန်း စစ်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။

7Day


0 comments:

Post a Comment