Thursday, November 1, 2018

ထိုင်းနိုင်ငံသားလေးဦးနှင့် မြန်မာတစ်ဦးထံမှ မူးယစ်ဆေးများဖမ်းမိ


ထိုင်း-မြန်မာနယ်စပ် ရှမ်းအရှေ့ တာချီလိတ်မြို့နယ် ဝမ်ကျောက်လုံရွာရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၁၁ နာရီခန့်က ထိုင်းနိုင်ငံသား လေးဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးထံမှ မူးယစ်ဆေးများဖမ်းမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 
“မူးယစ်ဆေးဝါးသတင်းအရ ပူးပေါင်းအဖွဲ့နဲ့ ရှာဖွေချိန်မှာ အိမ်ရှင်မြန်မာနိုင်ငံသားအပါအဝင် ထိုင်းနိုင်ငံသားအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ထံကနေ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းမိခဲ့တာပါ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါဖြစ်စဉ်တွင် ဆိုင်ကယ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၅ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့၍ မြန်မာနိုင်ငံသား စိုင်းသန်း (၃၅ နှစ်) နှင့် ထိုင်းနိုင်ငံသားများဖြစ်ကြသည့် Ms.Sawitree A Aee (၂၂ နှစ်)၊ Ms.Jatharat Junjaila (၃၁ နှစ်)၊ Mr.Thump Sai Sai Suphan (၃၄ နှစ်)၊ Mr.Jetsada Inphuk (၃၆ နှစ်) တို့ငါးဦးကို မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

The Voice

0 comments:

Post a Comment