Wednesday, February 20, 2019

သြစတြေးလျကမ်းခြေတွင် ပျောက်ဆုံးနေသည့် ကမ္ဘာလှည့်ခရီးသွား ၂ ဦးအား ရှာဖွေ


သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ် မစ်ဒ်နော့သ်ဒေသက ကမ်းခြေတခုမှာ ရေသွားကူးရင်း ပျောက်နေတဲ့ ကမ္ဘာလှည့်ခရီးသွားနှစ်ဦးကို သြစတြေးလျ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်မှာ ဆက်လက်ရှာဖွေနေပါတယ်။ 
အဲဒီခရီးသွားနှစ်ဦးဟာ ပြည်နယ်တွင်း ပေါ့ပ်မကွာရီမြို့ ကမ်းခြေတခုမှာ ရေသွားကူးရာကနေ ပျောက်နေတာပါ။ 

အသက် ၂၀ အရွယ် ဗြိတိန်နိုင်ငံသား ဟူဂိုပယ်လ်မာနဲ့ အသက် ၂၁ နှစ်အရွယ် ပြင်သစ်နိုင်ငံသား အာဝင်ဖယ်ရူတို့ဟာ တနင်္ဂနွေနေ့ကတည်းက ပျောက်သွားပြီး သူတို့ရဲ့ ကားသော့တွေ အပါအဝင် ပစ္စည်းတွေကို အဲဒီကမ်းခြေမှာ တနင်္လာနေ့က တွေ့ရပါတယ်။ 

အဲဒီအမျိုးသားနှစ်ဦးဟာ သြစတြေးလျနိုင်ငံမှာ လှည့်လည်သွားလာနေတာ သုံးလလောက်ရှိပါပြီ။ 

ရဲတပ်ဖွဲ့ဟာ သူတို့နှစ်ဦး အသက်ရှင်နေသေးတယ်လို့ ယူဆထားပြီး အဲဒီကမ်းခြေတလျှောက် ရေပြင်မှာရော ကမ်းခြေမှာပါ ရေငုပ်သမားတွေ၊ ဒရုန်းတွေသုံးပြီး ရှာနေကြပါတယ်။

DVB

0 comments:

Post a Comment