Thursday, February 28, 2019

ရန်ကုန်- စစ်တွေကားလမ်းမိုင်တိုင်အမှတ်(၁၆၅)အနီးတွင် AAသောင်းကျန်းသူအဖွဲ့ က မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်ဖြင့်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်၂ဦးကျဆုံး


ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်၌ AAသောင်းကျန်းသူ အဖွဲ့ က မိုင်းထောင်ဖောက်ခွဲပြီးလက်နက်ငယ်ဖြင့်ပစ်ခတ် မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့သည်။ 
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ပြန် လည်အပ်နှံလွှဲပြောင်းရန် သွားရောက်သည့်ရဲတပ်ဖွဲ့ပိုင် DoubleCabမော်တော်ယာဉ်၃စီးနှင့်စစ်တွေမြို့ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယာဉ်လိုင်စင်စစ်ဆေးရေးအတွက်ပို့ဆောင်မည့် သံတွဲမြို့၌ ပိုင်ရှင်မဲ့ သိမ်း ဆည်းရမိသည့် တရားမဝင်တင်သွင်းလာသောအထောက် အထားမဲ့ယာဉ်ဟုယူဆရသော Mark II အဖြူရောင်ယာဉ် ၁ စီး၊စုစုပေါင်း ၄ စီးအားရဲတပ်ဖွဲ့ဝင် ၄ ဦးက မောင်းနှင်၍ စစ်တွေမြို့သို့ ထွက်ခွါလာစဉ် ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ပန်းနီလာကျေးရွာအကြား ရန်ကုန်- စစ်တွေကားလမ်းမိုင်တိုင်အမှတ်(၁၆၅)အနီးတွင် AA သောင်းကျန်းသူအဖွဲ့က ယာဉ်များကို မိုင်းဖောက်ခွဲ၍ ယာဉ်များရပ်တန့်သွားစဉ် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ထိုကဲ့သို့  AA သောင်းကျန်းသူများကမိုင်းဖောက်ခွဲပစ်ခတ် မှုကြောင့် ယာဉ်မောင်းနှင်သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ လက် နက်ငယ်ကျည်ဆံထိမှန်၍အခင်းဖြစ်နေရာတွင် ကျဆုံးပြီး ကျန် ၂ ဦးမှာအသက်ရှင်လွတ်မြောက်ခဲ့ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့အနေဖြင့်အများပြည်သူအသုံးပြုနေသောစစ်တွေမြို့သို့အဓိကဆက်သွယ်သည့်လမ်းမကြီးပေါ်တွင် လက်နက်ကိုင်တိုက်ခိုက်ရန်အတွက် ရည်ရွယ်ချီတက် လှုပ်ရှားသွားလာခြင်းမဟုတ်သည့်ယာဉ်များနှင့် ပြည်သူ အများဒုက္ခရောက်စေရန် အဖျက်လုပ်ငန်းများကျူးလွန် လျှက်ရှိသည်ကိုထင်ရှားစွာတွေ့ရှိနိုင်ကြောင်းနှင့် ဥပဒေနှင့် အညီဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ် 
ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့သည်။ 

Creditး ရဲဇာနည် 
The Ladies News

0 comments:

Post a Comment