Tuesday, February 26, 2019

အင်ဒိုနီးရှားမှာ မိုင်းတွင်းပြိုကျလို့ လူ ၁ ဦး သေ၊ အခြား ၆၀ ဦးခန့် မြေအောက်မှာ ပိတ်မိနေ


အင်ဒိုနီးရှားနိုင်ငံမှာ တရားမဝင် လုပ်ကိုင်နေတဲ့ ရွှေတူးဖော်ရေးမိုင်းတွင်းတစ်ခု ယမန်နေ့ညနေပိုင်းက ပြိုကျမှု ဖြစ်လို့ လူတစ်ဦး သေဆုံးကာ အခြားလူပေါင်း ၆၀ လောက် ပိတ်မိနေလျက် ရှိကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။ 
ဆူလာဝေစီကျွန်းပေါ်က ဘိုလန်း မွန်ဂွန်ဒိုး ဧရိယာရှိ အဆိုပါ မိုင်းတွင်းဆိုဒ်မှာ ယင်းဖြစ်စဉ် ဖြစ်ပြီးနောက် အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက အားချင်း ရှာဖွေနေကြလျက် ရှိပါတယ်။ 

အနည်းဆုံး အလောင်းတစ်လောင်း ရှာတွေပြီး အခြား လူ ၁၅ ဦးလောက် ဒဏ်ရာတွေ အသီးသီး ရသွားတယ်လို့ အင်ဒို သဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီ က ထုတ်ပြန်ပါတယ်။ 

" ဒီ ဆိုဒ်မှာ လူပေါင်း ဒါဇင်ချီ မိုင်းတွင်းအောက်မှာ ရှိနေတုန်းပဲ ရုတ်တရက် ရက်မတွေနဲ့ ပျဉ်ချပ်တွေ ကျိုးကျသွားခဲ့တာပါ၊ မြေသား ကျွံဝင်သွားတာကြောင့် ဖြစ်တာပါ" ဆိုပြီး အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပို ပူဝါဝို နူဂရိုဟိုက ပြောပါတယ်။ 

" ခန့်မှန်းခြေ လူ ၆၀ လောက် မြေအောက်မှာ ပိမိနေတယ်လို့ သိရပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။ 

ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသော်ငြား အောက်မှာ လူဘယ်နှစ်ယောက် အသက်ရှင်လျက် ရှိတယ်ဆိုတာကို မသိရသေးဘူးလို့လည်း တာဝန်ရှိသူတွေက ပြောသွားပါတယ်။ 

အင်ဒိုနီးရှားမှာတော့ ခုလိုမျိုး တရားမဝင် လုပ်ကိုင်တဲ့ ရွှေတွင်းတွေ အများအပြား ရှိနေပြီး လိုအပ်တဲ့ ဘေးကင်းလုံခြုံရေးပိုင်း လိုက်နာဆောင်ရွက်မှု အားနည်းနေလျက် ရှိတယ်လို့ သိရပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment