ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အား နောက်ထပ်သက်တမ်းတစ်နှစ် တိုးမြှင့်မည့်အပေါ် ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူရှိခဲ့ကြောင်း သိရသည်။ 
ထိုသို့ကန့်ကွက်သူရှိသဖြင့် လွှတ်တော်မှ မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၂၀ မဲ ကန့်ကွက်ဆန္ဒမဲ ၅၅၅ မဲရှိသဖြင့် လွှတ်တော်မှအတည်မပြုကြောင်း နာယက ဦးတီခွန်မြတ်ကကြေညာခဲ့သည်။ 
ယင်းကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ရာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ 
အဆိုပါကော်မရှင်၏ဥက္ကဌအဖြစ် ဦးရွှေမန်းမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
The Fifth Wave News
 







 
 
 
 
 
0 comments:
Post a Comment