Wednesday, February 27, 2019

သံတောင်ရဲစခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အေအေ ပြန်လွှတ်ပေး


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် သံတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို ရက္ခိုင့်တပ်မတော် (အေအေ)က သီတင်းတပတ်နီးပါး ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ​ 
သံတောင်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့ ​ဖေ​ဖော်​၀ါရီ ၂၇ ရက်​ ညနေ ၅ နာရီလောက် ပြန်လည်လွတ်မြောက်လာပြီး သူတို့ နေထိုင်ရာနေအိမ်တွေကို ပြန်ရောက်လာခဲ့တယ်လို့ မိသားစုဝင်​တွေက​ ပြောပါတယ်။ 
သူတို့နေထိုင်တဲ့ ​ကျေးရွာတွေက ရပ်မိ၊ရပ်ဖနှစ်​ဦး လာရောက်ခေါ်ယူဖို့ အေအေ အဖွဲ့ကအကြောင်းကြားလာတဲ့အတွက် ချိန်းဆိုတဲ့နေရာကို ​ကျေးရွာရပ်​မိရပ်​ဖတွေ သွား​ရောက်​သွား ​ခေါ်ယူခဲ့တာဖြစ်​​ပါတယ်။ 
ပလက်ဝမြို့နယ်ထဲက ခူးချောင်းရွာစပ်က တောထဲမှာ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ​ဒေသခံရွာသား​တွေက စိုးရိမ်တဲ့အတွက် ခေါ်သင့်၊ မခေါ်သင့် အာဏာပိုင်​​တွေထံ အသိ​ပေးအကြံ​တောင်းခဲ့ရတယ်​လို့ သံ​တောင်​​ကျေးရွာသားတ​ဦးက ​ပြောပါတယ်​။ 
ဖေဖော်ဝါရီ ၂၂ ရက်က အေအေရခိုင်လက်နက်ကိုင်တပ်ဖွဲ့က သံထောင်ရဲကင်းစခန်းကို ဝင်တိုက်ခဲ့ပြီး စခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်​ပါတယ်​။ 
သူတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်က သံထောင်ကျေးရွာမှာပြုလုပ်ခဲ့တယ်လို့ ချင်းအခြေစိုက် ခိုနုမ်းသုန်သတင်းမှာရေးပါတယ်​။ 




DVB

0 comments:

Post a Comment