Thursday, February 28, 2019

ဘင်္ဂါလီဒုက္ခသည်များကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံရန်အသင့်ရှိဟု ဖိလစ်ပိုင်သမ္မတဒူတာတေး ပြော ICCကို မည်သည့်အခါမျှအသိအမှတ်ပြုမည်မဟုတ်ဟု ဆို အခြားနိုင်ငံများ၏အရေးကိစ္စများတွင် မသက်ဆိုင်ဘဲ ဥရောပနိုင်ငံများ ဝင်ရောက်စွက်ဖက်နေဟု ဝေဖန်ပြစ်တင်


ဘင်္ဂါလီဒုက္ခသည်များကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံရန်အဆင်သင့်ရှိကြောင်းဖိလစ်ပိုင်သမ္မတ"ရိုဒရီဂိုရိုအာဒူတာတေး" ကပြောကြားလိုက်သလို အတိဒုက္ခရောက် နေသည့် ဘင်္ဂါလီမွတ်ဆလင်များကိုအကူအညီပေးရန်လှစ် လျူရူ့ နေသည့် နိုင်ငံတကာကိုလည်း ၄င်းက ပြစ်တင် ဝေ ဖန်ခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့ က ဖိလစ်ပိုင်နိုင်ငံမြို့ တော် မနီလာရှိ Manila ဟိုတယ်တွင်ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင် မြူနီစပယ်များအဖွဲ့ ချုပ် အထွေထွေညီလာခံ၌ မိန့် ခွန်း ပြောကြားခဲ့ရာတွင် သမ္မတ ဒူတာတေးက အထက်ပါ အ တိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
ICC ကို မည်သည့်အခါမျှ အသိအမှတ်ပြုမည် မဟုတ် 
-------- --------- ---------- ------- 
ထိုကဲ့သို့ ပြောကြားရာတွင် နိုင်ငံတကာပြစ်မှုဆိုင်ရာတရား ရုံး ( ICC ) ကို ၄င်းအနေဖြင့် မည်သည့်အခါမျှ အသိအ မှတ်ပြုလိမ့်မည်မဟုတ်ဟုလည်း ထည့်သွင်း ပြောကြား ခဲ့သေးသည်။ ICC သည် ကမ္ဘာ့ကုလသမဂ္ဂမှအခွင့်အာဏာ ပိုင်အဖွဲ့ အစည်းတစ်ခုမဟုတ်ဘဲ ဥရောပသမဂ္ဂ (EU) မှ တီထွင်ဖန်တီးထားခြင်းဖြစ်၍ ၄င်းအနေဖြင့် လက်ခံမည် မဟုတ်ဟု ဒူတာတေးက ဆိုခဲ့ခြင်းဖြစ်သည်။ 
ဥရောပနိုင်ငံများ ဝင်ရှုပ်နေ 
------- --------- 
ထို့ အတူ ဥရောပနိုင်ငံများမှာ အခြားနိုင်ငံများ၏အရေး ကိစ္စများတွင်မပတ်သက်မသက်ဆိုင်သော်လည်း အခွင့်အာ ဏာမရှိဘဲ ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေကြသည်ဟု ဒူတာတေးက ဝေဖန်ပြောကြားခဲ့သည်။ ထိုကဲ့သို့  မသက် ဆိုင်ဘဲ စွက်ဖက်ခြယ်လှယ်နေကြသော်လည်း ဘင်္ဂါလီမွတ် ဆလင်များ၏ အတိဒုက္ခများအတွက် ဖြေရှင်းကိုင်တွယ် ဆောင်ရွက်ပေးခြင်းတို ကိုမူ မည်သည့်အရာမျှလုပ်ဆောင် ပေးခြင်းမရှိဟု ဒူတာတေးက ဝေဖန်ပြစ်တင်ခဲ့သည်။ 
“Itong mga u*** na European na ito, sobra ka bright makialam pa sa atin. Kakarami ng problema pinapaputok sila doon. Hindi nga nila matulungan ‘yung mga Muslim — ‘yung refugees ‘yan nangamatay na " 
" ဒီဥရာပနိုင်ငံတွေ ထင်မြင်ယူဆနေတာက ကျွန်တော်တို့ နိုင်ငံတွေရဲ့ အရေးကိစ္စတွေကို သူတို့ နဲ့ မဆိုင်ဘဲဝင်ရောက် စွက်ဖက်ခြယ်လှယ်နေတဲ့ကိစ္စတွေမှာ တော်လွန်းတယ်လို့ သူတို့ ကိုယ် သူတို့ ထင်မြင်နေကြတာပါ။ သူတို့  ဝင်စွက် ဖက်တဲ့နေရာတွေမှာပြသာနာတွေသာ ကျန်နေတာပါပဲ။ သေခါနီးဒုက္ခသည်တွေကိုတောင် သူတို့  ဥရောပနိုင်ငံတွေ ကူညီနိုင်ကြတာ မဟုတ်ပါဘူး" ဟု ဒူတာတေးက ဖိလစ်ပိုင် ဘာသာစကားဖြင့်ပြောကြားခဲ့သည့်မိန်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ဖိလစ်ပိုင်နိုင်ငံသားခံယူခွင့် 
--------------- 
မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှ့ များကြောင့် ၂၀၁၇ သြဂုတ်မှစ၍ ဘင်္ဂါလီဒုက္ခသည် ထောင်ပေါင်းများစွာမှာ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရ သည်ဟု ဖိလစ်ပိုင်သတင်းလွှာတွင် ဖော်ပြထားသည်။ 
ဒူတာတေး၏မိန့် ခွန်းတွင် ပြောကြားခဲ့မှု့ များအရ မည် သည့်နေရာကိုမျှ သွားစရာနေရာမရှိသည့် ဒုက္ဓသည်များ ကို ဖိလစ်ပိုင်အနေဖြင့် လက်ခံရန်အသင့်ရှိသလို ဖိလစ်ပိုင် နိုင်ငံသားအဖြစ်ပါအသိအမှတ်ပြုလက်ခံမည်ဟုဆိုသည်။ 
ရခိုင်ပြည်နယ်တွင် လူသားခြင်းစာနာမှု့ ဆိုင်ရာဆောင်ရွက် မှု့ အစီအစဉ်များလုပ်ဆောင်ရန်လည်း အာဆီယံက ၂၀၁၈ နိုဝင်ဘာလက သဘောတူညီခဲ့သည်။ ဖိလစ်ပိုင်အနေဖြင့် လူသားခြင်းစာနာမှု့ဆိုင်ရာအကူအညီပေးမှုများကို အောင် မြင်အောင်အကောင်းဆုံးလုပ်ဆောင်သွားမည်ဟုဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သီယိုဒိုရိုလော့စက်ဂျူနီယာကလည်း ဆိုထားသည်။ 
ဒေါ်အောင်ဆန်းစုကြည်အတွက် ဒူတာတေး၏အကြံပြုမှု့  
----------------- --------- 
ယမန်နှစ် ၂၀၁၈ ဇန်နဝါရီက နယူးဒေလီမြို့ တွင် ပြောကြားခဲ့သည့် မိန့် ခွန်းတစ်ရပ်တွင်လည်းဒူတာတေးက "ဒေါ်အောင်ဆန်းစုကြည်ကိုပေးနိုင်သည့်အကြံပြုချက်တစ် ခုရှိမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူ့ အ ခွင့်အရေးဆိုင်ရာကိစ္စများကြောင့် ဝေဖန်ခံရမှု့ အားလုံးကို လှစ်လျူရူ့ ထားပြီး မိမိလုပ်ရမည့်အလုပ်ကိုသာအာရုံစိုက် စေလိုသည်ဆိုသည့်အကြံသာပေးလိုကြောင်း"ထည့်သွင်း ပြောကြားခဲ့ဖူးသည်။ 
ဘင်္ဂါလီမွတ်ဆလင်များ၏အရေးကိစ္စကို မြန်မာအစိုးရက ကိုင်တွယ်ဆောင်ရွက်နေရာတွင်လူ့ အခွင့်အရေးအုပ်စုများ ၏ဝေဖန်နေမှုများကို စိုးရိမ်စရာမလိုဟု မြန်မာ့ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားထားဖူး ကြောင်းလည်း ဒူတာတေး၏အဆိုအရ သိရသည်။ 
ရေရှည်ကိုမျှော်ကြည့်သည့် ပြီးပြည့်စုံသောဖြေရှင်းနည်း 
------------ ------- 
အာဆီယံနိုင်ငံထိပ်သီးခေါင်းဆောင်များ၏ ၁၀ကြိမ် မြောက်ညီလာခံ၏ ကြေညာချက်တွင်လည်း ပြသာနာ ရင်းမြစ်များကိုဖြေရှင်းနိုင်ရန် ရေရှည်ကိုမျှော်ကြည့်၍ ပြီး ပြည့်စုံသည့်ဖြေရှင်းနည်းကို ရွေးချယ်ရန် လိုအပ်သည် ဟူ သောအချက်ပါဝင်ခဲ့သည်။ သဘောထားကွဲလွဲပြီးပြသာနာ ဖြစ်စေသည့် ရင်းမြစ်များကို ရှာဖွေဖြေရှင်းရန်နှင့်ပြသာနာ ဖြစ်ပွားခဲ့သည့် လူမှု့ အသိုင်းအဝန်းတွင် ၄င်းတို့ ၏လူမှု ဘဝများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တည်ငြိမ် သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်ပေးရန် လိုသည်ဟူသော အချက်လည်းပါဝင်နေသည်။ 

အိမ်ခြေယာမဲ့ဘင်္ဂါလီဒုက္ခသည်များကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ ဆောင်နိုင်ရေးလုပ်ငန်းစဉ်များအတွက် ကုလ သမဂ္ဂဖွံ့ ဖြိုးရေးအစီအစဉ်(UNDP)ဒုက္ခသည်များအတွက် ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့ နှင့်မြန် မာအစိုးရတို့ အကြားတွင်ချုပ်ဆိုထားသည့်စာချုပ်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကူညီသွားကြမည်ဟုလည်း အာဆီယံ ခေါင်းဆောင်များက ပြောကြားထားသည်။ 
ကုလဆုံးဖြတ်ချက်မူကြမ်းကို ဖိလစ်ပိုင် လက်မခံ 
------ 
ဘင်္ဂါလီဒုက္ခသည်များမှာဘင်္ဂလားဒေ့ရှ်မှတရားမဝင်,ဝင် 
ရောက်လာသူများဖြစ်သည်ဟုဆိုကာ မြန်မာနိုင်ငံမှ ဗုဒ္ဓ္ဓ ဘာသာဝင်များက သတ်မှတ်ထားသကဲ့သို့  အဆိုပါ ဒုက္ခ သည်များကို မြန်မာ့တပ်မတော်က အင်အား အလုံးအရင်း အသုံးပြု၍ နှိမ်နင်းရှင်းလင်းခဲ့မှု့ တွင် တစ်စုံတရာ ပြောဆို ခြင်း မရှိသည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ခံနေရသည်။ 
ရခိုင်ပြည်နယ်မှလူသားခြင်းဆိုင်ရာ အခြေအနေများ အ တွက် စိုးရိမ်သည်ကိုဖိလစ်ပိုင်ကထုတ်ဖော်ပြောကြားထား ပြီးဖြစ်သော်လည်း ပဋိပက္ခပြသာနာများကို ဖြေရှင်းရေး အတွက် ကုလသမဂ္ဂမှ ရေးဆွဲထားသည့် ဆုံးဖြတ်ချက် မူကြမ်းနှင့်ပတ်သက်၍မူ သဘောတူနှစ်သက် လက်ခံခြင်း မရှိဘဲ ကန့် ကွက်ရန် ရည်ရွယ်ချက်ရှိနေသည်။ 


Refး Manila Bulletin 
The Ladies News

0 comments:

Post a Comment