Thursday, February 28, 2019

မြန်မာနိုင်ငံသည် မျှတမှုကင်းမဲ့စွာ ပစ်မှတ်ထားခံနေရကြောင်း ကုလအစည်းအဝေးတွင် ၀န်ကြီးဦးကျော်တင် ပြောကြား

မြန်မာနိုင်ငံသည် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုး တက်မှုများရှိသော်လည်း မျှတမှု ကင်းမဲ့စွာပစ်မှတ်ထားခံနေရပြီး ကုလသမဂ္ဂမှ ယန္တရားများစွာ၏ အထူးစိစစ်မှုခံနေရကြောင်း အ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကျော်တင်က ပြောကြားသည်။ 
အထက်ပါပြည်ထောင်စု ၀န်ကြီးသည် ဂျီနီဗာ၌ကျင်းပနေ သည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏အကြိမ် (၄၀) မြောက် ပုံမှန်အစည်းအဝေး အဆင့်မြင့် ကဏ္ဍသို့ ဖေဖော်ဝါရီ ၂၆ ရက် တွင် တက်ရောက်မိန့်ခွန်းပြော ကြားစဉ် ယင်းသို့ထည့်သွင်းပြော ကြားခြင်းဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ 

မြန်မာအစိုးရသည် ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့နှင့်ပတ်သက်၍ စိန် ခေါ်မှုများရှိကြောင်းနှင့် ယင်းစိန် ခေါ်မှုများဖြေရှင်းရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ချဉ်းကပ်မှုသည် မျှမျှတတဖြစ်စေလိုကြောင်း ၀န်ကြီးဦးကျော်တင်က အလေး ထားပြောကြားသည်။ 

ထို့အပြင် ကောင်စီသည် အရေးကြီးသည့်အကဲဖြတ်သုံး သပ်ချက်(သို့မဟုတ်)မူဝါဒရေး ရာဆုံးဖြတ်ချက်များမဆောင်ရွက် မီ ပြည့်စုံ၍ဓမ္မဓိဋ္ဌာန်ကျသည့်အ ချက်အလက်များအပေါ် သေချာ စွာဆန်းစစ်လေ့လာရန် ဦးကျော် တင်က ဆက်လက်တိုက်တွန်း သည်။ 

လွတ်လပ်သောစုံစမ်းစစ် ဆေးရေးယန္တရား(IIM)ဖွဲ့စည်း ရန် ကုလသမဂ္ဂဆုံးဖြတ်ချက် သည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လွန်ကြူးစွာထိပါး စွက်ဖက်သည့် သဘောဖြစ် ကြောင်းနှင့် ယင်းသို့ဖွဲ့စည်းလုပ် ဆောင်ခြင်းသည် လူ့အခွင့်အရေး ကောင်စီကို နိုင်ငံရေးအာဂျင်ဒါအ တွက် အသုံးချလိုသူများ၏မျှော် လင့်ချက်ကို ဖြည့်ဆည်းပေးစေ မည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ထည့်သွင်းပြောကြား သည်။ 

အဆိုပါယန္တရားအတွက် ကန်ဒေါ်လာ ၂၆ သန်းကျော် ဘတ်ဂျက်သုံးစွဲခွင့်ပြုထားခြင်း၊ လက်ထောက်အတွင်းရေးမှူးချုပ် ဦးဆောင်သည့် ၀န်ထမ်း ၆၂ ဦး ခန့်အပ်ကာ စောင့်ကြည့်ခြင်း သည် ကုလသမဂ္ဂ၏ရှားပါးရင်း မြစ်များကို ဖြုန်းတီးခြင်းသာဖြစ် ကြောင်း ဦးကျော်တင်က ရှင်း လင်းသည်။ 

ယင်းနောက် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ မြန်မာအ စိုးရသည် ဖြေရှင်းလိုသည့်စိတ် ဆန္ဒသာမက ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းလည်းရှိသဖြင့် နိုင်ငံတ ကာတရားစီရင်ရေး စနစ်သို့ ရောက်ရှိစေမည့်မည်သည့်ကြိုး ပမ်းမှုကိုမဆို အခိုင်အမာပယ်ချ ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းသည်။ 

ထို့အပြင် မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းရေးကြိုး ပမ်းဆောင်ရွက်ရာတွင် နိုင်ငံတ ကာ၏ ဆက်လက်ကူညီပံ့ပိုးမှု လိုအပ်နေကြောင်းနှင့် ယင်းအ ခြေအနေတွင် ကမ္ဘာက ရခိုင်ပြည် နယ်အရေးကိစ္စကို အဆိုးမြင်ရှု ထောင့်မှ အမြင်ကျဉ်းမြောင်းစွာ အာရုံစိုက်နေကြောင်း ၎င်းကဝေ ဖန်သည်။ 

အစိုးရသည် ရခိုင်ပြည်နယ် ရှိ ပြည်သူများအတွက် ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ရေရှည်တည်တံ့သည့် ဖြေရှင်းမှုကိုရှာဖွေရန် အပြည့်အ ၀ကတိပြုထားကြောင်း ၀န်ကြီး ဦးကျော်တင်က ထည့်သွင်းပြော ကြားသည်။

7Day

0 comments:

Post a Comment