Tuesday, February 26, 2019

ထရမ့်နဲ့ ကင်မ်တို့ တွေ့ဆုံမယ့် ညစာစားပွဲမှာ နျူဖျက်သိမ်းရေးကိစ္စ အဓိက ဆွေးနွေးဖွယ်ရှိ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ကတော့ ယနေ့ဖေဖော်ဝါရီ ၂၇ ရက်မှာပဲ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေပါတယ်။ 
ဒါဟာ ခေါင်းဆောင်နှစ်ဦးအကြား ဒုတိယအကြိမ်မြောက် ဆုံတွေ့ခြင်းလည်း ဖြစ်ပါတယ်။ 

ယခုတစ်ကြိမ် တွေ့ဆုံမှုမှာတော့ မြောက်ကိုရီးယားခေါင်းဆောင်ကို ၎င်းရဲ့ နျူလက်နက်တွေ စွန့်လွှတ်စေအောင် တိုက်တွန်းနိုင်မယ်လို့ ထရမ့်က မျှော်လင့်နေပါတယ်။ 

၎င်းရဲ့ မိတ်ဆွေဖြစ်တဲ့ ကင်မ်အနေနဲ့ နျူလက်နက်တွေကိုသာ စွန့်လွှတ်ဖို့ သဘောတူမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ အနာဂတ်က အံဖွယ် ထူးကဲကောင်းမွန်လာမှာဖြစ်ကြောင်း ထရမ့်က တွစ်တာကနေတဆင့် ရေးသားပြောဆိုသွားခဲ့ပါတယ်။ 

ထရမ့်ကတော့ ၎င်းရဲ့ Air Force One လေယာဉ်နဲ့အတူ ဖေဖော်ဝါရီ ၂၆ ရက်က ဟနွိုင်းကို ရောက်ရှိခဲ့ပါတယ်။ ကင်မ်ကတော့ ၎င်းထက် အရင် ဗီယက်နမ်ကို ကြိုရောက်နေလျက် ရှိပါတယ်။ ပြုံယမ်းကနေ ရထားစီးပြီး နှစ်ရက်ခွဲကြာခရီး လာရောက်ခဲ့ရပါတယ်။

၎င်းတို့နှစ်ဦးကတော့ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ခဏတာ တွေ့ဆုံစကားပြောပြီး ညစာ စားကြမှာဖြစ်ပါတယ်။ ယင်းနောက် မနက်ဖြန် ဖေဖော်ဝါရီ ၂၈ ရက်ကျမှ ထပ်မံ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment