Wednesday, February 27, 2019

တစ်လအတွင်း တစ်လီတာကို (၅၀)ကျပ်တက်သွားခဲ့တဲ့စက်သုံးဆီ



ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက အောက်တိန်းတစ်လီတာကို ကျပ်(၆၈၀ )ဝန်းကျင်ရှိနေတဲ့ ဈေးနှုန်းကနေ အခုဖေဖော်ဝါရီလကုန်မှာတော့ တစ်လီတာကိုကျပ်(၇၃၀) ဖြစ်သွားခဲ့ပြီး တစ်လအတွင်းမှ တစ်လီတာကိုကျပ်(၅၀)ခန့်ဈေးတက်သွားခဲ့တာဖြစ်ပါတယ်။ 
ခရီးသွားအများဆုံးကာလနဲ့နွေရာသီစက်သုံးဆီအသုံးအများဆုံးကာလကိုရောက်လာချိန်မှာ အရင်နှစ်ကလည်း အခုလိုဘဲဈေးနှုန်းမြင့်တက်လာတာမျိုးတွေ့ခဲ့ရပါတယ်။ 

"ဟိုဖက်နိုင်ငံကအထိုင်ဈေးတက်လာတော့ ဒီဖက်ကလည်း မြင့်လာတာပါ။ဈေးကကျွန်တော်တို့ဖာသာတက်ချင်လို့တက်တာမဟုတ်ပါဘူး" လို့ ရန်ကုန်မြို့စက်သုံးဆီအရောင်းဆိုင်မန်နေဂျာ ကိုကျော်အေးမြင့်ကပြောပါတယ်။ 

နွေကာလမှာ လျှပ်စစ်ဓါတ်အားမလုံလောက်မှုအတွက် စက်သုံးဆီသုံး ဂျန်နရေတာများကို ဖြည့်စွက်အသုံးပြုနေရသည့် လုပ်ငန်းများအတွက်ယခုလို ဈေးနှုန်းပြန်လည်မြင့်တက်လာခြင်းက ထုတ်လုပ်မှုကုန်ကျစာရိတ်ကို တိုးမြင့်လာစေတယ်လို့လည်း လှိုင်သာယာစက်မှုနယ်မြေအတွင်းရှိ မုန့်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ 

ယခုတစ်လအတွင်း ဒီဇယ်နှင့်အောက်တိန်းနှစ်မျိုးလုံးက တစ်လီတာကို ကျပ် (၅၀)ခန့်ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ကာ စင်ကာပူအထိုင်ဈေးနှုန်းတက်နေတာကြောင့်ဆက်လက်မြင့်တက်လာဖွယ်ရှိနေတယ်လို့ တင်သွင်းသူများကခန့်မှန်းထားပါတယ်။ 


Popular News Journal

0 comments:

Post a Comment