Thursday, February 28, 2019

AA ၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ဟု ၀န်ကြီး ဦးကျော်တင့်ဆို


၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ ဘင်္ဂလားဒေရှ်နိုင်ငံဆီ ထွက်ပြေးရပြီးနောက် လက်ရှိ လက်နက်ကိုင်အဖွဲ့ AA ၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်၏ အခြေအနေမှာ ပိုမို ရှုပ်ထွေးသွားစေခဲ့ကြောင်း အပြည်ုပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် ပြောဆိုလိုက်သည်။ 
မြန်မာ အစိုးရဘက်အနေနှင့် ရခိုင်ပြည်သူများ အားလုံးအတွက် ရေရှည် ဖြေရှင်းချက် တစ်ရပ် ထွက်ပေါ်လာရေး ကြိုးပမ်းနေကြောင်းလည်း ၀န်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာ၏ အားပေးထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ၀န်ကြီး ဦးကျော်တင့်က ပြောကြားခဲ့သည်။ 
ရခိုင်ပြည်နယ်အရေးအပေါ် နိုင်ငံတကာက အဆိုးမြင်နေမှုရှိနေကြောင်းနှင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းအကြောင်းကို ၀န်ကြီးက ထပ်မံပြောကြားခဲ့သည်။ 
"ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး အဆိုးမြင် နေတာကို စိတ်မကောင်းဘူး၊ ဒီကိစ္စက ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုကြောင့် မဟုတ်သလို ကိုးကွယ်ယုံကြည်မှု ကွဲပြားမှုကြောင့် ပဋိပက္ခ ဖြစ်ရတာလည်း မဟုတ်ပါဘူး။ ဒါက နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စကြောင့် ဖြစ်ပြီး တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု၊ ဆင်းရဲမွဲတေမှု၊ တရားဥပဒေ စိုးမိုးမှု မရှိတာနဲ့ နိုင်ငံတော် လုံခြုံရေး ကိစ္စတွေလည်း ပါဝင်ပါတယ်" ဟု ၀န်ကြီးဦးကျော်တင့်က ပြောဆိုခဲ့သည်။ 

မိုးကျော်
Isee Media 

0 comments:

Post a Comment