Thursday, February 28, 2019

ကွန်ပျူတာတွင် မြန်မာစာကို ပြည်ထောင်စုဖောင့်စနစ်သုံးရန် ဒေါ်အောင်ဆန်းစုကြည် ပြော


အစိုးရ၏ အီလက်ထ ရွန်နစ်ဝန်ဆောင်မှုများကို ပြည် သူအားလုံးနားလည်သိရှိစေရေး ကွန်ပျူတာသုံး မြန်မာစာစနစ်ကို ပြုပြင်ရန်လိုအပ်နေပြီး ယခုအသုံး ပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ နိုင်ငံတကာစံနှုန်းနှင့် ပိုမိုကိုက်ညီသည့် ပြည်ထောင်စု ဖောင့်စနစ်ကို အသုံးပြုရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 
ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၂၇ ရက်က နေ ပြည်တော်၌ ကျင်းပသည့် e-Government ဦးဆောင်ကော် မတီ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အမှာ စကားပြောကြားရာ၌ မြန်မာစာ ဖောင့်စနစ်နှင့် ပတ်သက်၍ ဆောင်ရွက်ရန် ထည့်သွင်းပြော ကြားခဲ့သည်။ 

‘‘e-Government Master Plan မှာ ပါဝင်နေတဲ့အစိုးရရဲ့ Electronic ၀န်ဆောင်မှုတွေကို ပြည်သူအားလုံး သိရှိနားလည်ရေး အတွက် မြန်မာဘာသာစကားနဲ့ ၀န်ဆောင်မှုပေးနိုင်ရန် ကွန်ပျူ တာသုံး မြန်မာဘာသာစကားစနစ် ကို ပြုပြင်ဖို့လိုအပ်တာကြောင့် International Standard Organization 10646 နဲ့ပိုမိုကိုက်ညီ တဲ့ PyiDaungSu Font စနစ်နှင့် Keyboard ကို အသုံးပြုရန်ဦး တည်ရမည်ဖြစ်ပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။ 

ယင်းအပြင် တိုင်းရင်းသား များ၏ ဘာသာစကားများဖြင့်ပါ e-Government စနစ်ကို ထိထိ ရောက်ရောက်အသုံးပြုနိုင်မည့် အခြေအနေများရရှိရန် လုပ်ရ မည်ဖြစ်၍ ယင်းစနစ်ကိုအရေးတ ကြီးဆောင်ရွက်ရန် လိုအပ် ကြောင်း ၎င်းကဆိုသည်။ 

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းအတွင်းရေးမှူး ဦးမင်းဦးက ‘‘ပြည်ထောင်စုဖောင့် က ဇော်ဂျီနဲ့သုံးတဲ့လူရော ယူနီ ကုတ်နဲ့သုံးတဲ့လူတွေအတွက်ပါ နှစ်ဖက်စလုံးနဲ့ အဆင်ပြေတဲ့ ဖောင့်တစ်ခုဖြစ်တဲ့အတွက် ရာ နှုန်းပြည့်နီးပါး ဖတ်လို့ရတယ်။ တချို့စာလုံးလေးတွေပဲကွဲတာ။ ယူနီကုတ်စနစ်ကို အကောင်အ ထည်ဖော်တဲ့အခါမှာ Myanmar -3 က အလှမ်းဝေးတဲ့အတွက် ပြည်ထောင်စုဖောင့်သုံးလိုက်ရင် ပိုပြီးတော့ နီးလာနိုင်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ပြောင်းလို့ရ အောင် လုပ်သွားရမှာပါ’’ ဟု ပြောသည်။

7Day

0 comments:

Post a Comment