Thursday, February 28, 2019

ထောင်ကျနေသော ရိုက်တာသတင်းထောက်ကိုကျော်စိုးဦး ကျန်းမာရေးချွတ်ယွင်း

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ခုနစ် နှစ်စီချမှတ်ခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦးအနက် သတင်းထောက်ကိုကျော်စိုးဦး သည် တုပ်ကွေးအဖျားရောဂါဖြစ် ပွားနေပြီး လိုအပ်လာပါက ပြင်ပ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမည် ဟု အင်းစိန် ဗဟိုအကျဉ်း ထောင်မှူးဦးဇော်ဇော်က ပြောသည်။ 
‘‘တုပ်ကွေးပုံစံမျိုးဖြစ်လို့ ဆေးရုံက ဆရာဝန်နဲ့ကုသပေးနေ ပါတယ်။ စိုးရိမ်စရာအခြေအနေ လည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ ထောင်ဆေးရုံမှာလည်းဆရာ ၀န်တွေရှိပါတယ်နော်။ ဆရာဝန် ကနေပြီးမှ အပြင်ကို ထုတ်ပြဖို့ လိုတယ်ဆိုရင် အပြင်ကို ထုတ်ပြ ပေးမှာပါ’’ ဟု ထောင်မှူးဦးဇော် ဇော်က ပြောသည်။ 

ဖေဖော်ဝါရီ ၂၇ ရက်က ထောင်ဝင်စာသွားရောက်တွေ့ဆုံရာ ခင်ပွန်းဖြစ်သူအပြင်းဖျား နေ၍ ဆေးသွင်းထားရကြောင်း ကိုကျော်စိုးဦး၏ဇနီး မချစ်စုဝင်း ကပြောသည်။ 

‘‘ထောင်ဝင်စာသွားတွေ့ တော့ မနက်ဖြန်မလာနဲ့လို့ပြောတယ်။ ဆေးသွင်းရဦးမယ်ပေါ့။ ဒီနေ့(ဖေဖော်ဝါရီ ၂၈ ရက်)တော့ ထောင်က ဖုန်းဆက်လာတယ်။ ကိုကျော်စိုးဦးကို ဆေးရုံတင်ထားတယ်တဲ့။ အရမ်းဖျားနေပေမယ့် စိုးရိမ်စရာတော့မရှိဘူးလို့ပြော တယ်။ ဒါပေမဲ့ ကျွန်မကတော့ စိတ်မချဘူး’’ ဟု မချစ်စုဝင်းက ပြောသည်။ 

သတင်းထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို နိုင်ငံတော်လျှို့ ၀ှက်ချက်အက်ဥပဒေဖြင့် မြောက် ပိုင်းခရိုင်တရားရုံးက ၂၀၁၈ စက်တင်ဘာ ၃ ရက်တွင် ထောင်ဒဏ် ခုနစ်နှစ်စီ အမိန့်ချမှတ်ခဲ့သည်။ သတင်းထောက်ကိုဝလုံးသည် ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။ 

၎င်းတို့နှစ်ဦး၏ ပြစ်ဒဏ်ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့အယူခံတင်သွင်းရာ တရားလွှတ်တော်ရုံးကပယ်ချ ထားသည်။ 

ထို့ကြောင့် အမှုရာဇ၀တ်ပြင် ဆင်ချက်ကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးသို့ ဖေဖော်ဝါရီ ၁ ရက်က ထပ်မံတင်သွင်းထား သည်။

7Day

0 comments:

Post a Comment