Thursday, February 28, 2019

အစိုးရဌာနများတွင်ပြောင်းလဲအသုံးပြုရန် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းထားသည့် ပြည်ထောင်စုဖောင့် Download Link




အစိုးရဌာနများတွင် လက်ရှိအသုံးပြုနေသည့် Myanmar 3 ဖောင့်အစား ပြည်ထောင်စုဖောင့် Pyi DaungSu Font ကိုပြောင်းလဲအသုံးပြုကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ထားရာ Pyi DaungSu Font ကို Install ပြုလုပ်နိုင်ရေး အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ တင်ပေးထား သည့် Pyi DaungSu Font Download Link ကို ဖော်ပြ အပ်ပါသည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၂၇ က နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပ သည့် e-Government ဦးဆောင်ကော်မတီ၏ တတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မိန့် ခွန်းပြော ကြားရာ၌ e-Government Master Plan တွင်ပါဝင်နေ သည့်အစိုးရ၏ Electronic ဝန်ဆောင်မှုများကို ပြည်သူ အားလုံးသိရှိနားလည်ရေးအတွက် International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကို အသုံးပြုရန် အစိုးရဌာနများအားတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ထို့ အတူ နောင်တွင်တိုင်းရင်းသားဘာသာစကားများဖြင့် ပါ e-Government System ထိထိရောက်ရောက်သုံးနိုင် မည့် အခြေအနေကိုရောက်ရှိမည်ဖြစ်သည့်အတွက် ယင်း စနစ်ကိုအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ 

The Ladies News


0 comments:

Post a Comment