Wednesday, February 27, 2019

ပြည်ခိုင်ဖြိုးပါတီကလုပ်ဆောင်နေတဲ့၊ ဆန်တွေဈေးလျှော့ရောင်းတဲ့အစီအစဉ်ဟာ၊ ပြည်သူတွေစီးပွားရေးကြပ်တည်းနေချိန်၊ ပါတီရဲ့စေတနာကို ပြည်သူတွေသိစေချင်လို့လုပ်ပေးတာပဲဖြစ်ဟုဆို


ပြည်ခိုင်ဖြိုးပါတီကလုပ်ဆောင်နေတဲ့၊ ဆန်တွေဈေးလျှော့ရောင်းတဲ့အစီအစဉ်ဟာ၊ ပြည်သူတွေစီးပွားရေးကြပ်တည်းနေချိန်၊ ပါတီရဲ့စေတနာကို ပြည်သူတွေသိစေချင်လို့လုပ်ပေးတာပဲဖြစ်တယ်လို့ ပြည်​​ခိုင်ဖြိုးပါတီ မန္တ​လေးတိုင်း​ဒေသကြီး၊ သတင်းထုတ်​ပြန်​​ရေးအဖွဲ့ခေါင်းဆောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုးက ပြောပါတယ်။ 
"ပါတီရဲ့စေတနာကို ပြည်သူတွေသိစေချင်လို့ပါ၊ ဒါကြောင့်လည်း ပြည်သူတွေစီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာ လုပ်ပေးတာပါ၊ ဆန်တစ်ပြည်ကို ပေါက်ဈေးထက်သုံးရာလောက်လျှော့ရောင်းပေးနေတာပါ" လို့ ၎င်းကဆိုပါတယ်။ 

မန္တလေးမြို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးမှာ မနေ့ပြုလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(မန္တလေးတိုင်းဒေသကြီး) သတင်းထုတ်ပြန်ရေးအဖွဲ့၊ ပါတီပြောရေးဆိုခွင့်ရှိသူများနှင့် မန္တလေးမြို့ အခြေစိုက်သတင်းမီဒီယာများမိတ်ဆက်တွေ့ဆုံပွဲမှာ ၎င်းကပြောတာပါ။ 

လတ်တလောမှာလည်း မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၆ ခုမှာ ဆက်လက်ရောင်းချပေးနေတယ်လို့ သိရပြီး အခမဲ့ဆေးဝါးကုသပေးမှုတွေလည်း လုပ်ပေးနေတယ်လို့ ဦးအောင်ကျော်မိုးကပြောပါတယ်။ 

မန္တလေး ၆ မြို့နယ်အတွက် ဈေးလျှော့ရောင်းပေးတဲ့ဆန်တွေကို မန္တလေးမြို့ပေါ်က ဆန်ပွဲရုံတွေကနေ၀ယ်ယူပြီး တိုက်ရိုက်ရောင်းချပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

စောထွေး
Popular News Journal 

0 comments:

Post a Comment