Wednesday, February 27, 2019

သတင်းထောက်နှစ်ဦးကို ချုပ်နှောင်အနိုင်ကျင့်သည့် သခင်စစ်ကုမ္ပဏီမှ ခြောက်ဦးကို ပုဒ်မငါးခုဖြင့် အမှုဖွင့် ကျူးလွန်သူများ အာမခံရရှိ၊ ကျူးလွန်သူများကို ထိရောက်စွာအရေးယူရန် မီဒီယာအဖွဲ့အစည်းများတောင်းဆို


ကချင်ပြည်နယ်အခြေ စိုက် မြစ်ကြီးနားဂျာနယ်သတင်း ထောက်နှစ်ဦးကို ဆဲဆိုပြီး နာ ကျင်အောင်ပြုလုပ်ခဲ့သည့် ၀ိုင်း မော်မြို့နယ်ရှိ သခင်စစ်သတ္တု တူးဖော်ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဒိန်ဆောင် အပါအ၀င်ခြောက်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မငါးခုဖြင့် အမှုဖွင့်ခဲ့ ကြောင်း ၀ိုင်းမော်မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးကပြောသည်။ 
မြစ်ကြီးနား ဂျာနယ်တွင် ဖော်ပြခဲ့သည့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုသတင်းနှင့် ပတ်သက်ပြီး  ဆွေးနွေးရန်ဆိုကာ ကုမ္ပဏီတာ ၀န်ရှိသူများကခေါ်၍ သတင်းရေးသားသူ မမွန်းမွန်းပန်နှင့် သတင်းထောက် ကိုအဂျယ် (ခ) လပတ်ခေါန်လွမ်းတို့သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုမ္ပဏီသို့ သွားရောက်ရာ ဦးဒိန်ဆောင် အပါအ ၀င် ကုမ္ပဏီတာဝန်ရှိသူများက သတင်းထောက်နှစ်ဦးကို အိမ် နှစ်အိမ်တွင် သီးခြားချုပ်နှောင် ကာ သတင်းထောက်အမျိုးသမီး အား ဆဲဆိုခြင်း၊ ဂျာနယ်ဖြင့် မျက် နှာအား ရိုက်ခြင်း၊ ခြိမ်းခြောက် ခြင်းပြုလုပ်ပြီး သတင်းထောက် အမျိုးသားကိုလည်း ထိုင်ထလုပ် ခိုင်းခဲ့ကြောင်း၊ သတင်းထောက် နှစ်ဦးကိုပင် ရဲတပ်ဖွဲ့အကူအညီ ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရ ကြောင်း မြစ်ကြီးနားဂျာနယ်တာ ၀န်ရှိသူများကပြောသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး သတင်းထောက်များက ရဲ စခန်းတွင် အမှုဖွင့်ခဲ့၍ ဖေဖော်ဝါ ရီ ၂၆ ရက်၌ ဦးဒိန်ဆောင် အပါအ၀င်ခြောက်ဦးကို ဖမ်းဆီးခဲ့ ကြောင်း၊ အာမခံပေးရမည့် ပုဒ်မများဖြစ်၍ အာမခံပေးထား ကြောင်း ၀ိုင်းမော်မြို့မရဲစခန်းမှူး ကပြောသည်။ 

‘‘ခြောက်ဦးစလုံးကို အာမခံ ပေးပြီးတော့မှ အခုတော့ အခင်း ဖြစ်ရပ်စစ်ဆေးတာတို့၊ မှတ်တမ်း ဓာတ်ပုံတို့၊ လိုအပ်တဲ့ သက်သေ ခံပစ္စည်း သိမ်းဆည်းတာတို့၊ နောက်တစ်ခါ စစ်ဆေးတာတို့ ဆောင်ရွက်နေပါတယ်’’ဟု ရဲ စခန်းမှူး ဒုရဲမှူးကျော်စိုးက ပြော သည်။ 

ကုမ္ပဏီတာဝန်ရှိသူများကို ရာဇသတ်ကြီးဥပဒေပုဒ်မများဖြစ် သည့် ရာဇ၀တ်မကင်းသော အ နိုင်အထက်ပြုမူမှုပုဒ်မ ၃၅၄၊ ညစ်ညမ်းစွာဆဲဆိုမှုပုဒ်မ ၂၉၄၊ နာကျင်စေမှုပုဒ်မ ၃၂၃၊ မတရားတားဆီးခြင်းဆိုင်ရာပုဒ်မ ၃၄၁၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်းဆိုင်ရာပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်။ 

ယင်းပုဒ်မများသည် အာမခံ ပေး၍ရသည့် ပုဒ်မများဖြစ်၍ အာမခံရခြင်းဖြစ်ကြောင်း၊ တရား စွဲတင်နိုင်ရေး ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း သတင်း ထောက်များဘက်မှ ကူညီနေ သည့် တရားလွှတ်တော်ရှေ့နေဦးတင်ထွန်းသိန်းကပြောသည်။ 

သက်ဆိုင်ရာအမှုစစ်မှ တ ရာလိုနှင့် တရားလိုသက်သေများ၊ တရားခံများကို စစ်ဆေးပြီးပါက တရားစွဲခြင်းလုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ရာ တစ်လအတွင်း တရားစွဲတင်နိုင်ဖွယ် ရှိကြောင်း ၎င်းကရှင်းပြသည်။ 

သတင်းထောက်များကို ယင်းသို့ ချုပ်နှောင်၊ တားဆီးပြီး နာ ကျင်အောင်လုပ်ခဲ့သည့် သခင်စစ် ကုမ္ပဏီတာဝန်ရှိသူများအား ထိ ရောက်စွာအရေးယူပေးရန် သက် ဆိုင်ရာသို့ တိုက်တွန်းတောင်းဆိုသည့် ကြေညာချက်များကို မီဒီ ယာအဖွဲ့အစည်းများက ယမန် နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ကြေညာချက်တွင် သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီးကျေနပ်မှုမရှိပါက ကုမ္ပဏီအနေဖြင့် ကောင်စီသို့ တိုင်ကြားခြင်း၊ သို့တည်းမဟုတ် တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆိုခြင်းတို့ လုပ်ဆောင်ခွင့်ရှိသော် လည်း ယခုကဲ့သို့ သတင်းထောက်များအပေါ် ရာဇ၀တ်မကင်းသောအနိုင်အထက် လုပ်ဆောင်ခွင့် မရှိကြောင်း၊ ယင်းသို့ အနိုင်အ ထက် လုပ်ဆောင်ခဲ့ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြခဲ့ သည်။ 

ဖြစ်ရပ်တွင် ကျူးလွန်ပါဝင် သူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဖော်ထုတ် ပေးရန် ပြည်ထဲရေးဝန်ကြီးဌာန နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက တိုက်တွန်းခဲ့သည်။ လိုအပ်သည့် ပူးပေါင်းဆောင်ရွက် မှုများ အစွမ်းကုန်ဆောင်ရွက်မည်ဟုလည်း ဖော်ပြသည်။ 

အလားတူ သတင်းထောက် နှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင် ပြည်နယ်အခြေစိုက် သတင်းသ မားများက ထုတ်ပြန်သည်။ ယင်း သို့ လုပ်ဆောင်ခြင်းသည် သတင်း သမားများကို ခြိမ်းခြောက်ရာ ရောက်သည်သာမက ဒေသခံ ပြည်သူလူထုကိုပါ ခြိမ်းခြောက် ရာရောက်သည်ဟု ဖော်ပြထား သည်။ 

လက်ရှိဖြစ်စဉ်သည် သတင်း သမားများ၏ လွတ်လပ်စွာ သ တင်းရေးသားရယူပိုင်ခွင့်နှင့် လူ ထု၏ သတင်းမှန်သိပိုင်ခွင့်ကို ထိ ပါးရာရောက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တရားဥပဒေစိုး မိုးရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူများအနေဖြင့် ကာကွယ်ပေးနိုင်ရန် ကချင်ပြည်နယ်အခြေစိုက် သတင်းသမားများက တိုက်တွန်းပြီး ကျူးလွန်သည့် ကုမ္ပဏီ တာဝန်ရှိသူများကို ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူရန်တောင်းဆိုခဲ့သည်။ 

သတင်းထောက်နှစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန် ခြင်းအပေါ် အခြားဒေသအသီးသီး မှ သတင်းသမားအဖွဲ့အစည်းများကလည်း ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကို ထိရောက် စွာ အရေးယူရန် တိုက်တွန်း ကြောင်း ကြေညာချက်များထုတ် ပြန်ခဲ့သည်။ 
ဖေဖော်ဝါရီ ၂၅ ရက်ထုတ် မြစ်ကြီးနားဂျာနယ်တွင် ‘မန်ဒေါင်ကျေးရွာအုပ်စုတွင် တရုတ် တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ၀င်ရောက်လုပ်ကိုင်နေ’ သတင်းတွင် တစ်သျှူးငှက်ပျောစိုက်ပျိုးမည့် သခင်စစ်ကုမ္ပဏီသည် ဇန်န၀ါရီကစ၍ လမ်းများ ဖောက်လုပ်နေကြောင်း မန်ဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်ဖြင့် သတင်းဖော်ပြခဲ့ သည်။ ကုမ္ပဏီကမူ ၎င်းတို့သည် တစ်သျှူးငှက်ပျော မစိုက်ထား ကြောင်း ငြင်းဆိုထားသည်။

7Day

0 comments:

Post a Comment