Thursday, February 28, 2019

မြန်မာလုပ်သားနှစ်ရာခန့်ကို ထိုင်းအလုပ်ရှင်က နစ်နာကြေး ဘတ် ၁၂ သန်းကျော်ပေး၍ အလုပ်ရပ်နား



ထိုင်းနိုင်ငံအရှေ့ပိုင်း ကဘင်ဘူရီမြို့ရှိ စတီးပစ္စည်းများ ထုတ်လုပ်သောစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ ခန့်အလုပ်ရပ်နားခံရမှုအတွက် ထိုင်းစက်ရုံပိုင်ရှင်က နစ်နာကြေးအဖြစ်ဘတ် ၁၂ သန်း(ကျပ်သန်း ၅၀၀ ကျော်)ပေး ရန် သဘောတူညီမှုရခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားသံအရာရှိဦးစန်းမောင် ဦးက ပြောသည်။ 
Chow Steel စတီးစက်ရုံ တွင် မြန်မာလုပ်သား ၃၀၀ ကျော် အလုပ်လုပ်ကိုင်နေရာ ဖေဖော်ဝါ ရီ ၁၈ ရက်၌ ထိုင်းအလုပ်ရှင်က မြန်မာလုပ်သား ၂၀၀ ခန့်ကို အလုပ်မှရပ်နားခြင်းဖြစ်သည်။ စက်ရုံကို အသစ်ပြန်လည်မွမ်းမံမည် ဖြစ်၍ထိုသို့ပြုလုပ်နေစဉ်ခြောက်လအတွင်း မြန်မာလုပ်သားအချို့ကို ထိုင်းအလုပ်ရှင်က အလုပ် ရပ်နားခြင်းဖြစ်သည်။ 

သို့သော် အလုပ်ရပ်နားခံရသည့် မြန်မာ လုပ်သားများက ကျေနပ်မှုမရှိ၍ တိုင်ကြားခြင်းဖြစ်သည်။ မြန်မာ လုပ်သားများက ၎င်းတို့၏နစ်နာ ကြေးရရှိရေး ဆောင်ရွက်ပေးရန် အကူအညီတောင်းခံလာ၍ ကူညီ ဖြေရှင်းခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးက ယမန်နေ့တွင် ထုတ်ပြန်သည်။ 

ကုမ္ပဏီအနေဖြင့် မြန်မာလုပ်သား ၁၀၀ ဦးကိုဆက်လက် ခန့်ထားမည်ဖြစ်ကြောင်း သိရသ ဖြင့် သက်ဆိုင်ရာက အလုပ်ရပ် နားမည့်အလုပ်သမားများအားလုံးအတွက် ဥပဒေနှင့်အညီလျော် ကြေးငွေရရှိရေး တွက်ချက် ဆောင်ရွက်နေပြီး အလုပ်သမား များအတွက် သင့်လျော်သောလုပ်ငန်းခွင်အသစ်တစ်ခုအမြန်ရရှိ ရေးထိုင်းနိုင်ငံ ထိုင်းအလုပ်အကိုင် ရှာဖွေရေးဌာနနှင့် အလုပ်သမား သံအရာရှိရုံးတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။ 
အလုပ်ပြောင်းရွှေ့ရမည့် အလုပ်သမားများအားလုံးအလုပ် 

ပြောင်းရွှေ့နစ်နာကြေးအဖြစ် ထိုင်းဘတ် ၁၂ သန်းခန့်ရရှိမည် ဟု ခန့်မှန်းထားပြီး ဧပြီ ၁၅ ရက် သင်္ကြန်ပိတ်ရက်မတိုင်မီ အလုပ် နေရာသစ်များရရှိနိုင်ရေးဆောင် ရွက်နေကြောင်း သံအရာရှိရုံးက ဆိုသည်။ 

‘‘စက်ရုံက မြန်မာလုပ်သား ၂၀၀ လောက်ကို အလုပ်ကရပ် နားလိုက်တာပေါ့။ အဲဒါကြောင့် အလုပ်သမားတွေ ရသင့်ရထိုက် တာတွေ ရဖို့ညှိနှိုင်းဆောင်ရွက် ပေးတာပါ’’ ဟု ဦးစန်းမောင်ဦးက ပြောသည်။ 

Chow Steel စက်ရုံအလုပ် သမားများကဲ့သို့ အလုပ်ရှင်၊အ လုပ်သမားကြား မပြေလည်မှုများ ရှိပါက အလုပ်သမားသံအရာရှိရုံး ဖုန်းများသို့ ဆက်သွယ်တိုင်ကြား နိုင်ကြောင်းနှင့် အလုပ်သမား သံအရာရှိရုံးက ဖြစ်စဉ်အပေါ်မူ တည်၍ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ချိတ်ဆက်ကူ ညီဆောင်ရွက်မည်ဖြစ်ကြောင်း သံအရာရှိရုံးက ထုတ်ပြန်သည်။ 

ထို့အပြင် မြန်မာလုပ်သား များအနေဖြင့်မိမိတို့နေထိုင်ခွင့်ရရှိထားသည့် နေရာများတွင်သာ ဥပဒေနှင့်အညီနေထိုင်ရန်နှင့်ဥ ပဒေ၏ အကာအကွယ်ကိုရယူ ရန်တိုက်တွန်းသည်ဟု ထုတ် ပြန်ချက်တွင် ပါရှိသည်။ 

ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေ သော အလုပ်သမားဟစ်တိုင်အဖွဲ့ မှ ကိုစောမောင်က ‘‘ဒီအလုပ်ရှင် က မဆိုးဘူးလို့ပြောရမယ်။ အ လုပ်သမားတွေ ရသင့်ရထိုက်တာ တွေ အကုန်လုပ်ပေးပါတယ်’’ ဟု ပြောသည်။ 

မြန်မာအလုပ်သမားများ၏ နစ်နာကြေး၊ အလုပ်မှရပ်နားရန် ကြိုတင် အကြောင်းကြားမှု ကြောင့် နစ်နာကြေးနှင့် လုပ်သက် အလိုက်ရပိုင်ခွင့်များ စသည်တို့ ထိုင်းအလုပ်ရှင်ကပေးရန် သ ဘောတူထားကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

ထိုင်းနိုင်ငံရောက် ရွှေ့ ပြောင်းမြန်မာလုပ်သားများ ယခု နှစ်မဟာသင်္ကြန်ပွဲတော်ကာလ နားရက်နှင့် နေရပ်ပြန်ရန်ခွင့်ကို ဧပြီ ၅ ရက်မှ ၃၀ ရက်အထိ ၂၅ ရက် ထိုင်းအစိုးရက သတ်မှတ် ပေးထားသည်။

7Day

0 comments:

Post a Comment