Thursday, February 28, 2019

တစ်နှစ်အတွင်း စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားမှုပေါင်း လေးရာကျော်အထိရှိခဲ့ပြီးတိုင်ကြားမှုများအနက် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍကအများဆုံးဖြစ်


ပြီးခဲ့သည့် (၂၀၁၈)ခုနှစ်အတွင်း စားသုံးသူများ၏မကျေနပ်ချက်များကိုစားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားခဲ့မှုပေါင်း(၄၀၁)မှုအထိရှိခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍကို အများဆုံးတိုင်ကြားခဲ့ကြသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။ 
"လူတွေက စားသုံးသူရေးရာဦးစီးဌာနဆိုတာ ဘာမှန်းဘာလုပ်မှန်းမသိကြသေးသူတွေအများကြီးရှိသေးတယ်။တိုင်ဖို့ဆိုတာဝေးရော။ဒါပေမယ့် မနှစ်က ဆိုရင်အရင်နှစ်ထက် ၂ဆ၃ဆလောက်တိုင်ကြားမှုတက်လာတယ်။ဒါကောင်းတဲ့လက္ခဏာပေါ့။ကိုယ့်ရဲ့နစ်နာမှုကို တိုင်ရမယ်ဆိုတာသိလာတာ"ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆွေတင့်ကြူးကဆိုသည်။ 

စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားလာမှုများတွင်ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍကအများဆုံးဖြစ်နေပြီးအစားအသောက် များအရည်အသွေးမပြည့်မီမှုအပေါ်တိုင်ကြားမှုက ဒုတိယအများဆုံးဖြစ်နေသည်။တိုင်ကြားမှုအနည်းဆုံးမှာဟိုတယ်ဝန်ဆောင်မှုကဏ္ဍဖြစ်ပြီး(၁)နှစ်အတွင်းတိုင်ကြားမှု(၂)မှုသာရှိခဲ့သည်။ 

(၂၀၁၈)ခုနှစ်အတွင်း စားသုံးသူရေးရာဦးစီးဌာနနှင့် CICCသို့တိုင်ကြားခဲ့သည့်ဖြစ်စဉ်များအနက် ၈၈ရာခိုင်နှုန်းကျော်ဖြေရှင်းဆောင်ရွက်ထားပြီးဖြစ်သည်ဟု သိရသည်။

Popular News Journal 

0 comments:

Post a Comment