Thursday, February 28, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း ကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသကို သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံဘက်က ဘင်္ဂါလီတွေ ပြန်လည်လက်ခံနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေတွေ ၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို ကုသမဂ္ဂအပါအ၀င် နိုင်ငံတကာမျက်နှာစာမှာ ထောက်ခံရပ်တည်ပေးမှုအခြေအနေတွေ စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

ဒါအ့ပြင် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ ARSA အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ AA အကြမ်းဖက်သောင်းကျန်းသူတွေ ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းမှု မရှိစေဖို့ ဆောင်ရွက်နေတဲ့အခြေအနေတွေ ၊ ၂၀၂၀ ခုနှစ်မှာ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် တပ်မတော်က ကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ 

MCN NEWS

0 comments:

Post a Comment