Thursday, February 28, 2019

ဗီယက်နမ်ကနေ ရှောရှောရှုရှု ပြန်မထွက်ခွာနိုင်ဖြစ်ခဲ့ရတဲ့ ဒေါ်နယ်ထရမ့်


ဗီယက်နမ်မှာ ကင်ဂျုံးအန်နဲ့ တွေ့ဆုံစည်းဝေးရာမှာ အောင်မြင်မှု မရဘဲ တွေ့ဆုံမှု အစီအစဉ်တွေကို အားလုံးအပြီးသတ်အောင်တောင် ဆောင်ရွက်ခြင်း မရှိတော့ဘဲ လက်စသပ်ဖျက်သိမ်းလိုက်ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံက ထွက်ခွာချိန်မှာလည်း ရှောရှောရှုရှု မထွက်ခွာခဲ့ရရှာပါဘူး။ 
တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ ကင်ဂျုံးအန်နဲ့ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီမှုမရဘဲ မျက်နှာပန်းမလှ ဖြစ်ပြီး ပြန်ရမယ့် သမ္မတ ထရမ့်ဟာ Air Force One လေယာဉ်နဲ့ တော်တော်နဲ့ မထွက်ခွာဘဲနိုင် ဖြစ်ခဲ့ပါတယ်။ 

ဘာကြောင့်လည်းဆိုတော့ သမ္မတ ထရမ့် Air Force One ပေါ် ရောက်သွားချိန် လေယာဉ်လှေကားတပ်ကားဟာ စက်ချို့ယွင်းပြီး လေယာဉ်ဘေးကနေ မခွာနိုင်ဖြစ်နေတာပါ။ 

ဒီအတွက်ကြောင့် suit ကုတ်ကိုယ်စီနဲ့ တာဝန်ရှိသူတွေဟာ အဲဒီ လေယာဉ်လှေကားတပ်ကားကို အရပ်ကူပါ လူဝိုင်းပါဆိုသလို ဝိုင်ဝင်းတွန်းပြီး ရွှေ့ခဲ့ရတော့တာပဲ ဖြစ်ပါတယ်။ 

ဒီတော့မှာ ကမ္ဘာ့ထိပ်သီးခေါင်ဆောင်ကြီးရဲ့ လေယာဉ်ဟာ ဗီယက်နမ်မြေကနေ ပြန်တက်သွားနိုင်ခဲ့တော့တာ ဖြစ်ပါတယ်။ 

ထရမ့်နဲ့ ကင်ဂျုံးအန်တို့ရဲ့ ဒုတိယမြောက် ထိပ်သီးအစည်းအဝေးကို ဗီယက်နမ်မှာ နှစ်ရက်တာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

ကင်ဂျုံးအွန်က မြောက်ကိုရီးယားနိုင်ငံပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံးရုပ်သိမ်းပေးဖို့ တောင်းဆိုတာကြောင့် သဘောတူညီမှု မရဘဲ အစည်းအဝေး အပြီးသတ်ခဲ့ရတာဖြစ်ကြောင်း ထရမ့်က သတင်းစာရှင်းလင်းခဲ့ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment