Thursday, February 28, 2019

“ဒေါ်အောင်ဆန်းစုကြည် ၊ NLD ပါတီ နဲ့ ဦးရွှေမန်းပါတီ ကြားမှ မဟာမိတ်အဖွဲ့ဝင် ပြောထားပြီး သားအတွက်ကြောင့်မို့ ဆက်ပြီး မဟာမိတ်ဆက်ဆံရေး ထိခိုက်မယ် မထင်ဘူး”


သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဖျက်သိမ်းလိုက်ရာ ယင်းသို့ ဖျက်သိမ်းမှုအပေါ် အမြင်များကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။ 
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး 
ပါတီထောင်တာကြောင့် ဒီလိုဖြစ်တာ မထင်ဘူး။ သူရဦးရွှေမန်းက ရွေးချယ်ခံရတဲ့ အဖွဲ့အစည်း မဟုတ်ဘဲနဲ့ တော်တော်လွှမ်းမိုးနေတာ ဖြစ်တယ်။ ကျနော်တို့ ဥပဒေတွေတင်တဲ့အခါ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥပဒေပြုကော်မတီတွေက အတည်ပြုဖို့က အရေးမကြီးဘူး။ သူရဦးရွှေမန်းရဲ့ အထူးကော်မရှင် အတည်ပြုမှာ တင်လိုရတဲ့အနေအထား တွေ ရောက်နေတယ်လေ။ အဲဒါ မဖြစ်သင့်ဘူးလေ။ အထူးကော်မရှင် သက်တမ်းတိုးဖို့ ရှုံးနိမ့်တာကိုး ထောက်ခံတယ်။ နိုင်ငံရေးကိစ္စနဲ့ မဆိုင်ဘူး။ ဒါက လွှတ်တော်မှာ အရမ်းတွင်ကျယ်နေတယ်။ သူပါတီထောင်တာတော့ သူလွတ်လပ်ခွင့်ပဲ။ ပါတီထောင်တာကြောင့် ဒီလိုဖြစ်တာတော့ မဟုတ်ဘူးထင်တယ်။ နဂိုကတည်းက ဒီအထူးကော်မရှင်က မဖြစ်သင့်ဘူး။ အပျော်တမ်း ကော်မရှင်၊ အကူအညီပေးတဲ့ ကော်မရှင်ပဲ ဖြစ်သင့်တာ။ တကယ်လက်တွေ့မှာ သူတို့က အဆုံးအဖြတ်လို ဖြစ်နေတာ။ အဲဒါက မဖြစ်သင့်ဘူး။ အဓိပ္ပာယ် မရှိဘူး။ အခု ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်။ 
ဦးအောင်ကြည်ညွန့် 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် 
အဓိက ပထမအကြိမ်တုန်းက ဦးရွှေမန်းက အလွတ်ပညာရှင်တစ်ယောက်အနေနဲ့ ကော်မရှင်မှာ တာဝန်ယူခဲ့တာလေ။ အခုဒီကြားထဲမှာ ဦးရွှေမန်းက နိုင်ငံရေးပါတီ ထူထောင်လိုက်ပြီ ။ နိုင်ငံရေးပါတီ ထူထောင်လိုက်တာကိုး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိအမှတ်ပြုလိုက်ပြီ။ သူက နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သွားပြီ ။ အဲဒီအချိန်မှာ လူ ၁၂ ယောက်က သူပါတီဝင်အဖြစ် ပါသွားတယ်။ အရင်တုန်းက ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ သာမန်ပညာရှင်အနေနဲ့ နေတာလေ။ အဲဒီအချိန်တုန်းက လွတ်လပ်တာပေါ့။ အခုကျတော့ ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်နေပြီ။ နိုင်ငံရေးပါတီနဲ့ ရောထွေးသွားတဲ့အခါ ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်တဲ့အခါ ကော်မရှင်ထဲမှာ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ပါဝင်နေဖို့က သင်လျော့်တယ်လို မယူဆကြတဲ့အတွက် ကန့်ကွက်ကြတာ။ ပြောင်းလဲမှုတော့ ဘာမှ မရှိနိုင်ပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းတိုးခွင့်မရတဲ့အခါ အထူးကော်မရှင် မရှိတော့ဘူးပေါ့။ 
စာရေးဆရာ ဦးမောင်မောင်စိုး 
နိုင်ငံရေးလေ့လာသုံးသပ်သူ 
NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့် ပြောထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းပါတီနဲ့ သူတို့ မဟာမိတ် ပူးပေါင်း လှုပ်ရှားမယ်လို ပြောပြီးထားတာကြောင့်မို့ အဲ့တာကို ထိခိုက်ကို ထိခိုက်မယ် မထင်ပါဘူး။ အခုက ဒီကော်မရှင်သက်တမ်းအနေနဲ့ သက်တမ်းမတိုးတာကတော့ ဦးရွှေမန်းအနေနဲ့ သူတို့လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ၊ ပါတီစည်းရုံးရေးလုပ်ဖို့အတွက် အချိန်ယူအုံးမယ် ထင်ပါတယ်။ အကောင်းအဆိုး ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် ၊ NLD ပါတီ နဲ့ ဦးရွှေမန်းပါတီ ကြားမှ မဟာမိတ် အဖွဲ့ဝင် ပြောထားပြီးသားအတွက်ကြောင့်မို့ ဆက်ပြီးမဟာမိတ်ဆက်ဆံရေး ထိခိုက်မယ်မထင်ဘူး။ ကျနော်ထင်တာကတော့ လုပ်ထုံးလုပ်နည်းပြောင်းလဲလုပ်ကိုင်တာပဲ ဖြစ်မယ်။

နန့်အိသူ/ရန်ကုန်ခေတ်သစ် 
Khit Thit Media 

0 comments:

Post a Comment