Tuesday, February 26, 2019

မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက်ရှိ တည်းခိုခန်းတွင် မိန်းမလျာနှင့် ညအိပ်တည်းခိုလာသူ ဆရာဝန်တဦးကို သေဆုံးလျက်တွေ့ရှိ


ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက်ရှိ သဒါတည်းခိုခန်းတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက တည်းခိုသူအမျိုးသားတဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ 
သေဆုံးသူအမျိုးသားမှာ အသက် ၄၀ ကျော်အရွယ် ဆရာဝန်တဦးဖြစ်ပြီး မှတ်ပုံတင်အရ ဟင်္သာတမြို့မှ ကျော်လင်းဆိုသူဖြစ်ကြောင်း၊ ၎င်းသည် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် မိန်းမလျာတဦးနှင့်အတူ လာရောက်တည်းခိုခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ (၂၇) ရက် နံနက် ၅ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အတူလာရောက်တည်းခိုသူ မိန်းမလျာမှာ တည်းခိုခန်းမှပြန်ထွက်ခွာသွားခဲ့သည်ကို CCTV လုံခြုံရေးကင်မရာတွင် တွေ့မြင်ရကြောင်း၊ ထို့နောက် နံနက် ၁၀ နာရီကျော်အချိန်အထိ အခန်းအတွင်းမှ မည်သည့် လှုပ်ရှားမှုအသံမှမကြားရ၍ မသင်္ကာသဖြင့် တံခါးခေါက်ကြည့်သော်လည်း တုံ့ပြန်ခြင်းမရှိသဖြင့် အခန်းတံခါးကိုဖွင့်ကြည့်ရာတွင် အဆိုပါ ဆရာဝန်ကို သေဆုံးလျက်တွေ့ရှိရကြောင်း ကနဦးသတင်းအရ သိရသည်။ 



Zoe Lay 
Photo - Victor
News Watch 

0 comments:

Post a Comment