တင်းမာမှုတွေမြင့်တက်နေတဲ့နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေးသင်္ကေတအနေနဲ့ အိန္ဒိယလေတပ်က လေယာဉ်မှူး အဘီနန်ဒန် ဗာသာမန်ကို ပြန်လွှတ်ပေးမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရမ် ခန်းက ဒီနေ့ပြောပါတယ်။
မနက်ဖြန်မှာ ပြန်လွှတ်မယ်လို့ ကတိပြုခဲ့တာပါ။
မနေ့က အိန္ဒိယနဲ့ပါကစ္စတန်ကြားလေကြောင်းတိုက်ခိုက်မှုတွေက တစ်ကမ္ဘာလုံးကို စိုးရိမ်စေခဲ့ပြီး စစ်သဘောမဆောင်ဘဲ ခြေတစ်လှမ်းနောက်ဆုတ်ဖို့ နိုင်ငံတော်တော်များများက တိုက်တွန်းခဲ့ပါတယ်။
မနေ့က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကို တင်းမာမှုတွေမလိုချင်ဘူးဆိုတာပြောဖို့ ဖုန်းခေါ်ဖို့ကြိုးစားခဲ့ပြီး တင်းမာမှုတွေမလိုချင်ဘူးဆိုတာက ကျွန်တော်တို့အားနည်းချက်တော့မဟုတ်ဘူးလို့ ခန်းက ပါကစ္စတန်လွှတ်တော်မှာပြောခဲ့တာပါ။
မနေ့ကတော့ ဗာသာမန်ပြန်လွတ်ဖို့ ဘာအပေးအယူမှမဟုတ်ဘူးလို့ အိန္ဒိယဘက်ကပြောပြီး ဆွေးနွေးညှိနှိုင်းဖို့ ပါကစ္စတန်ကတောင်းဆိုတာကို ငြင်းခဲ့ပါတယ်။
လေယာဉ်မှူးက မနေ့က အိန္ဒိယလေယာဉ်နှစ်စီးကို ပါကစ္စတန်ကပစ်ချခဲ့ပြီးနောက် ဖမ်းခံခဲ့ရတာပါ။
အခုလ ၁၄ ရက်က အိန္ဒိယအရံရဲ ၄၀ ကျော်သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲမှုနောက်ကွယ်မှာ သူတို့ရှိနေတယ်လို့ ပါကစ္စတန်နယ်မြေထဲမှာရှိနေတဲ့ စစ်သွေးကြွတွေကပြောခဲ့တဲ့နောက် အဲဒီစစ်သွေးကြွတွေကို အိန္ဒိယလေတပ်က လေကြောင်းကနေတိုက်ခဲ့ပါတယ်။
TheFifthWaveNews
0 comments:
Post a Comment