Monday, February 4, 2019

ညှိနှိုင်းမှုမပြေလည်သေး၍ လွိုင်ကော်သပိတ်စခန်း ဆက်ဖွင့်မည်



ဗိုလ်ချုပ်ရုပ်တုနေရာ ရွှေ့ပြောင်းပေးရေးအပါအဝင် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ရရှိရေးညှိ နှိုင်းမှုမပြေလည်သဖြင့် ကယား ပြည်နယ် ဒီချုပ်ရုံးရှေ့ရှိ သပိတ်စခန်း ဆက်ဖွင့်ထားမည်ဟု သပိတ်စခန်း ဦးဆောင်သူများက ပြောသည်။ 
ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခန့်တွင် ပြည်နယ်ဒီချုပ်ရုံး အတွင်း သပိတ်ဦးဆောင်ကော်မ တီဝင်များနှင့် ပြည်နယ်ဒီချုပ် ဥက္ကဋ္ဌ ဦးသောင်းဌေးတို့ တွေ့ဆုံခဲ့ သော်လည်း တောင်းဆိုချက်များ ကို မလိုက်လျောသည့်အပြင် ၎င်းတို့အား ခေါ်တွေ့၍ သပိတ်စခန်း ပိတ်သိမ်းပေးရန် စာပေးခဲ့ခြင်း သာဖြစ်သည်ဟု သပိတ်ကော်မတီဦးဆောင်သူ ကိုဒီးဒီကပြောသည်။ 

‘‘ကျွန်တော်တို့တောင်းဆိုတဲ့ အချက်တွေမှာ အဖြေဘာမှမရရှိခဲ့ ဘူး။ ဗဟိုအလုပ်အမှုဆောင်တွေ နဲ့ တွေ့ဆုံဖို့ပြောတော့ သူတို့ပြော တာက အဲဒီလူတွေ ရောက်လာ တယ်ဆိုတာ သူတို့မသိဘူးလို့ပဲ ပြောတယ်။ ဒါကြောင့် ကျွန်တော် တို့ တောင်းဆိုချက်တွေ မရမချင်း သပိတ်စခန်းကို ဆက်ဖွင့်သွား မယ်’’ဟု ၎င်းကဆိုသည်။ 

စိုက်ထူပြီးသော ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးကြေးရုပ်တု ရွှေ့ဆိုင်းပေးရေး အပါအ၀င် ပြည်နယ်ဝန်ကြီးချုပ်၏ တရားမျှ တမှုမရှိသော စီမံခန့်ခွဲမှုကို တင် ပြရန် လူငယ် ၄၀ ခန့်က ကယား ပြည်နယ်သို့ ဖေဖော်ဝါရီ ၂ ရက်တွင် ရောက်ရှိလာသည့်ဒီချုပ်ပါတီဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့် မောင်၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်တို့နှင့် တွေ့ ဆုံခွင့်ရရန် တောင်းဆိုခြင်းဖြစ် သည်။ သို့သော် ယမန်နေ့ညအထိ တွေ့ဆုံခွင့်မရရှိသေးပေ။ 

ကယားပြည်နယ် ဒီချုပ် ဥက္ကဋ္ဌ ဦးသောင်းဌေးက ‘‘အဲဒါက အစိုးရနဲ့ပဲ ပတ်သက်နေတယ်။ ကျွန်တော်တို့နဲ့ မပတ်သက်ဘူး။ ကျွန်တော်လည်း ဒီဟာနဲ့ပတ် သက်ပြီး သိပ်မပြောချင်ဘူး’’ဟု ပြောသည်။ 

ဒီချုပ်ပါတီဗဟို ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ သပိတ်ဖွင့်တောင်းဆိုနေသည့် လူ ငယ်များက ၎င်းတို့ထံတင်ပြတိုင် ကြားလိုပါက တရားဝင်စာဖြင့် တွေ့ဆုံခွင့်တောင်းရန်နှင့် ရန် ကုန်ရှိ ဒီချုပ်ပါတီဌာနချုပ်ရုံး၌ လာရောက်တွေ့ဆုံနိုင်ကြောင်း ပြောကြားထားသည်။ 

ဗိုလ်ချုပ် အောင်ဆန်းရုပ်တု စိုက်ထူမှုအပေါ် ကန့်ကွက်သည့် သပိတ်စခန်းကို ကန္ဒာဟေ၀န်ပန်း ခြံရှေ့တွင် ဖွင့်လှစ်ခဲ့ရာ အင်အား သုံးဖယ်ရှားပြီးနောက် ဖေဖော်ဝါ ရီ ၂ ရက်တွင် ဒေသခံတစ်ထောင် ကျော်က လွိုင်ကော်မြို့၌ တန် ပြန်ထောက်ခံပွဲပြုလုပ်၍ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တု ဖွင့်ပွဲကျင်းပခဲ့ သည်။ 

ထို့နောက် စိုက်ထူပြီးဖြစ် သော ဗိုလ်ချုပ်ရုပ်တုကို ရွှေ့ ဆိုင်းပေးရန် ကန့်ကွက်သည့် လူငယ် ၄၀ ခန့်က ဖေဖော်ဝါရီ ၂ ရက် ညနေကစ၍ ကယားပြည်နယ်ဒီချုပ်ရုံးရှေ့၌ ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီခွဲခန့်အထိ သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်နေသည်။


7Day

0 comments:

Post a Comment