ဆွစ်ဇာလန်နိုင်ငံ ကရန့်စ်မွန်တာနားစီရင်စုမှာ နှင်းခဲပြိုကျမှုကြောင့် ပြင်သစ်နိုင်ငံသား ကူညီကယ်ဆယ်ရေး ဝန်ထမ်းတဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အင်္ဂါနေ့က ထုထည်ကြီးမားတဲ့ နှင်းခဲကြီးတခုဟာ နှင်းလျှောစီးတဲ့ လမ်းကြောင်းပေါ်ကို ပြိုကျခဲ့တာပါ။
နှင်းတွေအောက်ကနေ လူလေးဦးကို ကယ်ထုတ်ပြီး နီးစပ်ရာဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အဲဒီထဲကတဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးသွားပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိတဲ့ သေဆုံးသူအမျိုးသားဟာ နှင်းလျှောစီးသူတွေကို ကူညီကယ်ဆယ်ဖို့ တာဝန်ယူထားရတဲ့ ဝန်ထမ်းတဦးပါ။
အခင်းဖြစ်တဲ့အချိန်မှာ အာဏာပိုင်တွေက ရဟတ်ယာဉ် ၈ စီး၊ ရဲခွေး ၁၂ ကောင်၊ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်နဲ့ စစ်သားတွေကို စေလွှတ်ပြီး ညအချိန်ထိ ရှာဖွေခဲ့ကြပါတယ်။
လက်ရှိမှာ နှင်းတွေအောက်မှာ ပိတ်မိနေသူ မရှိတော့ဘူးလို့ ယူဆရတဲ့အတွက် ရဲတပ်ဖွဲ့က ရှာဖွေရေးလုပ်ငန်းကို ရပ်နားထားလိုက်ပါပြီ။
DVB
0 comments:
Post a Comment